ဆားလင်းကြီးမြို့နယ်တွင် စစ်ကောင်စီတပ်ဂိတ်ကို ပကဖ တိုက်ခိုက်ရာ လက်နက် ၄ လက်ရရှိ

ဆားလင်းကြီးမြို့နယ်တွင် စစ်ကောင်စီတပ်ဂိတ်ကို ပကဖ တိုက်ခိုက်ရာ လက်နက် ၄ လက်ရရှိ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီး စစ်တပ်ဂိတ်တွင် အခွန်ဂိတ်ဖွင့်လှစ်နေတဲ့ စစ်ကောင်စီတပ်သားများကို ဆားလင်းကြီးမြို့နယ် ပကဖ (လက်ရုံးတပ်ဖွဲ့)က ဇူလိုင်လ (၃၁) ရက်နေ့တွင် တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား (၆)ဦး သေဆုံးကြောင်း ဆားလင်းကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ လက်ရုံးတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါစစ်ကောင်စီတပ်သားများကို (၁၅)မိနစ်ကြာတိုက်ခိုက်မှုအပြီး စစ်ကောင်စီတပ်သား (၆)ဦး သေဆုံးကာ  (၁)ဦး ဒဏ်ရာရပြီး ၎င်းတို့ထံမှ G-3 (၃)လက်နှင့် အူဇီ (၁)လက် သိမ်းဆည်းရရှိသည်ဟု သိရသည်။

#TachileikNewsAgency