စစ်ကိုင်းမြို့ တင်းတိပ်စာသင်ကျောင်းနှင့် အုန်းတောကျေးရွာတို့တွင် အထိုင်ချတပ်စွဲနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဒရုန်းဖြင့်တိုက်ခိုက်ခံရ

စစ်ကိုင်းမြို့ တင်းတိပ်စာသင်ကျောင်းနှင့် အုန်းတောကျေးရွာတို့တွင် အထိုင်ချတပ်စွဲနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဒရုန်းဖြင့်တိုက်ခိုက်ခံရ

စစ်ကိုင်းကိုင်း စစ်ကိုင်းမြို့ တင်းတိပ်စာသင်ကျောင်းနှင့် စစ်ကိုင်းမြို့နယ် အုန်းတောကျေးရွာတို့တွင် အထိုင်ချတပ်စွဲနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း PEACOCK DRONE TEAM-MYAUNG အဖွဲ့ထံမှ သိရသည်။

စစ်ကိုင်းမြို့နယ် အုန်းတောကျေးရွာတွင် အထိုင်ချနေသည့် အင်အား (၅၀)ခန့်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ဇူလိုင်လ (၂၉) ရက်နေ့ ညနေ (၅) နာရီတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ Shar Htoo Waw နည်းပညာသုံး Fixed Wings (၃) စီးဖြင့် Drop Bomb (၃)လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဇူလိုင်လ (၃၀) ရက်နေ့ ညနေ (၆) နာရီခန့်တွင် စစ်ကိုင်းမြို့ တင်းတိပ်စာသင်ကျောင်းတွင် အထိုင်ချတပ်စွဲနေသည့် ပျူစောထီးနှင့် စစ်သားများကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ Shar Htoo Waw နည်းပညာသုံး Fixed Wings (၃)စီးဖြင့် Drop Bomb (၃)လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်မှုများကို ဆက်လက်စုံစမ်းနေပြီး တော်လှန်ရေးအင်အားစုများဘက်က Fixed Wings ဒရုန်း (၃) စီး ပျက်စီးဆုံးရှုံးခဲ့ကြောင်း PEACOCK DRONE TEAM-MYAUNG အဖွဲ့က ဆိုသည်။

အဆိုပါတိုက်ခိုက်မှုများကို PEACOCK DRONE TEAM-MYAUNG၊ STANDARD REVOLUTION FORCE SRF-MMU၊ မိုင်းမင်းသား နှင့် K2 PDFတို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency