မိုးမိတ်မြို့ကို သိမ်းပြီဟု TNLA ကြေညာ

မိုးမိတ်မြို့ကို သိမ်းပြီဟု TNLA ကြေညာ
ဇူလိုင် 31, 2024 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့ကို သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း TNLA က ၂၀၂၄ ခုနှစ် ဇူလိုင်လ (၃၁)ရက်နေ့တွင် ထုတ်ပြန်သည်။

မိုးမိတ်မြို့ရှိ စစ်ကောင်စီ လက်ကျန်တပ်စခန်း စကခ(၂၁) ခလရ (၃၄၈) မိုးမိတ်ဗျူဟာကုန်းအား ဇူလိုင်လ (၃၁)ရက်နေ့ နံနက်ပိုင်းတွင် TNLA ကသိမ်းပိုက်လိုက်ပြီဟု သိရသည်။

ထို့အပြင် နောင်ချိုမြို့နယ် ရွှေမုဠောရွာသို့ ယမန်နေ့ နေ့လယ်ပိုင်းတွင် စစ်အင်အားဖြည့်တင်းလာသော စစ်ကောင်စီတပ်နှင့် TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။

မိုးမိတ်မြို့နယ်တွင် တိုက်ပွဲဖြစ်သည့် ဗျူဟာကုန်းနှင့် ဒိုးပင်ရွာကို စစ်ကောင်စီတပ်က Y12 ဖြင့် ဗုံး (၅၉)လုံး လာရောက်ကြဲချခဲ့သည်ဟု သိရသည်။

TNLA သည် ၁၀၂၇ စစ်ဆင်ရေး ဒုတိယအပိုင်းအတွင်း နောင်ချို၊ မိုးကုတ်နှင့် မိုးမိတ်မြို့တို့ကို သိမ်းပိုက်နိုင်ခဲ့ကာ ကျောက်မဲမြို့ရှိ စစ်ကောင်စီတပ်စခန်းများကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေသည်။

#TachileikNewsAgency

Photo: PSLF/TNLA News