ဓါတ္ပံု - ရဲတပ္ဖြဲ႕
**********
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့အဝင်ဂိတ်တွင် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၂၆)ရက်နေ့ နေ့လယ် (၁၂)နာရီကျော်က စိတ်ကြွဆေးပြား(၁)သိန်းပြား သယ်လာသည့် အမျိုးသားနှင့်အမျိုးသမီးကို ဖမ်းဆီးရမိကြောင်း သိရသည်။
သက်ဆိုင်ရာတပ်ဖွဲ့ဝင်များနှင့် သက်သေများပါဝင်သည့်ပူးပေါင်းအဖွဲ့သည် ကျောက်မဲမြို့အဝင် အိုရီယမ်တယ်တိုးဂိတ်တွင် စစ်ဆေးနေစဉ် ကျောက်မဲမြို့သို့ သီပေါမြို့ဘက်မှမောင်းနှင်လာသည့် ခြောက်ဘီးယာဉ်အား စစ်ဆေးရာမှ စိတ်ကြွဆေးပြားများကို ဖမ်းမိခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ခြောက်ဘီးယာဉ်တွင် ယာဉ်မောင်း မြင့်သိန်နှင့် ၎င်း၏ ဇနီးဖြစ်သူ မစန်းစန်းတို့ လိုက်ပါလာခြင်းဖြစ်ပြီး ယာဉ်၏ ခေါင်းခန်းတွင်ပါလာသော အိတ်အတွင်းမှ တိပ်အဝါဖြင့်ပတ်ထားသော စိတ်ကြွဆေးပြား အထုပ် (၁၀) ထုပ်အား စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။
မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းမိသည့် မြင့်သိန်းနှင့် စန်းစန်းတို့အား ကျောက်မဲမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသည့် ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က) /၂၀(က)/၂၁ တို့ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။
သတင်း #နေဖြိုးမြင့်
ဓါတ်ပုံ - ရဲတပ်ဖွဲ့