ကျောက်မဲ quarantine center တွင် ဆူပူသောင်းကျန်းသည့် ယာဉ်မောင်းအား သတိပေးထားပြီး ယာဉ်လိုင်းကို ယာယီပိတ်သိမ်းအရေးယူ

ကျောက်မဲ quarantine center တွင် ဆူပူသောင်းကျန်းသည့် ယာဉ်မောင်းအား သတိပေးထားပြီး ယာဉ်လိုင်းကို ယာယီပိတ်သိမ်းအရေးယူ
ဒီဇင်ဘာ 3, 2020
By Tachileik News Agency

ကျောက်မဲ quarantine center တွင် ဆူပူသောင်းကျန်းသည့် ယာဉ်မောင်းအား သတိပေးထားပြီး ယာဉ်လိုင်းကို ယာယီပိတ်သိမ်းအရေးယူ
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့ရှိ အလက (၃) Quarantine Center တွင် အသွားအလာ ကန့်သတ်ခံထားရသော ယာဉ်မောင်းအမျိုးသားတစ်ဦးက ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၃) ရက်နေ့ ညနေက ဆူပူသောင်းကျန်းသဖြင့် သက်ဆိုင်ရာက သတိပေးထားပြီး ၎င်းမောင်းနှင်သည့် ယာဉ်လိုင်းကို ယာယီပိတ်လိုက်ကြောင်း သိရသည်။

“သူက သတင်းမပို့ဘဲ မြို့ထဲဝင်လာတော့ မြင်တဲ့သူကတိုင်လို့ Quarantine ဝင်ထားရတဲ့ ယာဉ်မောင်း ဖြစ်နေတာ။ ဒီနေ့ညနေက သောက်စားထားတာလည်း ရှိတယ်။ အဲဒီ အလက (၃) မှာ ဆူပူသောင်းကျန်း နေတော့ အစောင့်တွေရယ်၊ ပရဟိတအသင်းသားတွေရယ်နဲ့ စကားအချေအတင်များကြတော့ ရဲတပ်ဖွဲ့ရော ကိုဗစ်ကော်မတီကပါ လာပြီးဖြေရှင်းပေးခဲ့ရတာ”

ဟု ကျောက်မဲမြို့ ယာဉ်လိုင်းပေါင်းစုံ ကြီးကြပ်ရေးကော်မတီမှ ကော်မတီဥက္ကဌ ဦးလှရွှေက တာချီလိတ်သတင်းအေဂျင်စီသို့ ဒီဇင်ဘာလ (၃) ရက်နေ့ ညပိုင်းတွင် ပြောသည်။
အဆိုပါ ယာဉ်မောင်းအမျိုးသားသည် အလက (၃) စာသင်ကျောင်းတွင် အသွားအလာကန့်သတ်ထားစဉ် အရက်သောက်ထားပြီး ဆူပူသောင်းကျန်းနေသည့်အတွက် မြို့နယ်ကိုဗစ်ကော်မတီ၊ ရဲတပ်ဖွဲ့ ၊ ယာဉ်လိုင်းများ ကြီးကြပ်ရေးကော်မတီနှင့် ပရဟိတအဖွဲ့တို့က သွားရောက် ဖြေရှင်းခဲ့ရခြင်းဖြစ်သည်။
Tachileik News Agency
သတင်း - နေဖြိုးမြင့်

~~~~~~~  

 ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~