ပခုက္ကူမြို့နယ်တွင် ပြည်သူ့စစ်တစ်ဦး လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်လာ

ပခုက္ကူမြို့နယ်တွင် ပြည်သူ့စစ်တစ်ဦး လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်လာ

မကွေးတိုင်း ပခုက္ကူမြို့နယ်တွင် ပြည်သူ့စစ်တစ်ဦး လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်လာသဖြင့် ငွေကျပ်သိန်း(၃၀) ချီးမြှင့်လိုက်ကြောင်း Southern YSO PDF ထံမှ သိရသည်။

ပခုက္ကူမြို့နယ် စက်မှုဇုန်စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်တွင် တာဝန်ကျနေသည့် ပြည်သူ့စစ် ကိုရဲနီ အသက်(၂၄)နှစ်သည် ၂၀၂၄ခုနှစ် ဇူလိုင်လ(၂၉)ရက်နေ့ နေ့လယ်ပိုင်းတွင်  Southern YSO PDF အဖွဲ့ထံသို့ MA3 တစ်လက်၊ ကျည်ဘောက်တစ်ခု၊ ကျည်(၂၀)တောင်နှင့်အတူ အလင်းဝင်လာခြင်းဖြစ်ကြောင်း သိရသည်။

အလင်းဝင်ရောက်လာသူကို လွတ်မြောက်ဒေသသို့ ပို့ဆောင်ထားပြီး ဂုဏ်ပြုဆုငွေအဖြစ် ကျပ်သိန်း(၃၀)ချီးမြှင့်ထားကာ ၎င်းကဲ့သို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်အတွက် အသက်ပေး ၊ ဘဝပေး လက်နက်ကိုင်နေကြသော ရဲဘော်များ အမြင်မှန်ရပြီး ပြည်သူ့ရင်ခွင်ထံ ခိုလှုံကြရန်လည်း တိုက်တွန်းထားသည်။

ဇူလိုင်လ(၂၀)ရက်နေ့ကလည်း စစ်ကောင်စီတပ်မှ အရာရှိတစ်ဦး MA3 သေနတ် (၁)လက်ဖြင့် အလင်းဝင်ခဲ့ပြီး ယခုလအတွင်း (၃)ပွင့်ဗိုလ်ကြီး တစ်ဦးကို အရှင်ဖမ်းမိခဲ့သည်ဟု သိရသည်။

#TachileikNewsAgency