မန္တလေး PDF ရဲဘော်များ ဈေးဝယ်ပါက ကျသင့်ငွေယူရန် ဈေးဆိုင်ပိုင်ရှင်များအား မေတ္တာရပ်ခံ

မန္တလေး PDF ရဲဘော်များ ဈေးဝယ်ပါက ကျသင့်ငွေယူရန် ဈေးဆိုင်ပိုင်ရှင်များအား မေတ္တာရပ်ခံ

ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) အခြေချရာစစ်ဒေသအတွင်း စစ်သည်၊ စစ်မေများ လိုအပ်သည့် ကုန်ပစ္စည်းများဝယ်ယူပါက ကျသင့်သော ငွေပေးချေဝယ်ယူရန် တပ်ဖွဲ့က ယနေ့ ၂၀၂၄ ခုနှစ် ဇူလိုင်လ(၃၀)ရက်နေ့တွင် ထုတ်ပြန်သည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)၏ စစ်သည်၊ စစ်မေများအနေဖြင့် တပ်ဖွဲ့အခြေချလှုပ်ရှားရာဒေသအတွင်း တပ်ဖွဲ့အတွက် လိုအပ်သော ကုန်ပစ္စည်းများ ဝယ်ယူသည့်အခါတွင် ကျသင့်သည့်တန်ဖိုးကို မဖြစ်မနေပေးချေ၍သာ ဝယ်ယူသုံးစွဲရန် ထုတ်ပြန်ညွှန်ကြားထားသည်။

ထို့အတူ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)မှ ရဲဘော်များ ဈေးဝယ်သည့်အခါတွင် ပစ္စည်းတန်ဖိုးအတိုင်းသာရောင်းချ၍ ကျသင့်ငွေအား လက်ခံပေးရန် နယ်မြေခံပြည်သူများနှင့် ဈေးဆိုင်ပိုင်ရှင်များကို မေတ္တာရပ်ခံထားသည်။

#TachileikNewsAgency

Photo: ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)