ပုလောမြို့နယ် ပုလောကုန်းရွာမှ စစ်ကောင်စီတပ်နှင့် ပျူစောထီးများတပ်ဆုတ်သွားသဖြင့် KNDO နယ်မြေရှင်းလင်း

ပုလောမြို့နယ် ပုလောကုန်းရွာမှ စစ်ကောင်စီတပ်နှင့် ပျူစောထီးများတပ်ဆုတ်သွားသဖြင့် KNDO နယ်မြေရှင်းလင်း

တနင်္သာရီတိုင်း ပုလောမြို့နယ်၊ ပုလောကုန်းရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်များ စခန်းမှစွန့်ခွာသွားသဖြင့် နယ်မြေရှင်းလင်းပြီး KNDO တပ်က ပြန်လည်ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်နှင့် ပျူစောထီးတပ်ဖွဲ့ဝင်အင်အား(၃၀)ခန့်ရှိသည့် စစ်ကောင်စီတပ်၏ ခလရ(၂၈၅)တပ်ရင်းက အာဏာသိမ်းပြီးနောက် ပုလောကုန်းရွာတွင် တပ်စွဲထားခြင်းဖြစ်ပြီး ၂၀၂၄ ခုနှစ် ဇူလိုင်လ (၂၉)ရက်နေ့ တွင် KNDOတပ်က ပြန်လည်ရှင်းလင်းထိန်းချုပ်လိုက်ခြင်းဖြစ်သည်။

“သူတို့တွေ စစ်ကောင်စီတပ်နှင့် ပျူစောထီးပေါ့လေ သူတို့စခန်းချထားတဲ့ ဂိတ်တွေရှိတယ်။ ကျွန်တော်တို့ နယ်မြေဝင်မရှင်းခင်အချိန်ထိ ပြီးမှဆုတ်ခွာသွားတာ။ သူတို့ကို ရိက္ခာတွေဖြတ်တယ်။ ဆက်သွယ်ရေးလမ်းတွေဖြတ်တယ်။ ပိတ်ဆို့ထားတဲ့အတွက်ကြောင့် ရေရှည်နေဖို့အဆင်မပြေလို့ ပြန်ဆုတ်ခွာသွားတာပေါ့နော်။”ဟု KNDO တပ်ခွဲ(၅)မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကိုပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ (၁၀)ရက်နေ့ကလည်း တောင်ယာကမ်းကျေးရွာအုပ်စု (၅)မိုင်ရွာတိုက်ပွဲတွင် ခလရ(၂၈၅) တပ်ရင်းက ဗိုလ်မှူးသက်ထွန်းအောင်အပါအဝင် (၅)ဦးသေဆုံးပြီး လက်နက်ခဲယမ်းများကို KNDO ပူးပေါင်းတပ်များက သိမ်းဆည်းရရှိခဲ့သည်။

#TachileikNewsAgency