ပခုက္ကူခရိုင်အတွင်း ပျူစောထီးနာရေးနှင့် ကင်းဘန်ကာအား ဒရုန်းဖြင့်ဗုံးသီးများပစ်ချတိုက်ခိုက်

ပခုက္ကူခရိုင်အတွင်း ပျူစောထီးနာရေးနှင့် ကင်းဘန်ကာအား ဒရုန်းဖြင့်ဗုံးသီးများပစ်ချတိုက်ခိုက်

မကွေးတိုင်း ပခုက္ကူခရိုင်အတွင်း ပျူစောထီးနာရေးနှင့် ကင်းဘန်ကာအား တော်လှန်ရေးအင်အားစုများက ဒရုန်းဖြင့် အီနာဂါဗုံးသီးများ ပစ်ချတိုက်ခိုက်ကြောင်း ဘာမထီလက်နက်ကြီး ပြောက်ကျားတပ်ဖွဲ့ (မြိုင်) ထံမှ သိရသည်။

ပခုက္ကူမြို့နယ် ရေလာလေး ပျူစောထီးကျေးရွာတွင် ပျူစောထီးအချင်းချင်း ခိုက်ရန်ဖြစ်ပွားရာမှ ပစ်ခတ်မှုဖြစ်ပွားပြီး တစ်ဦးသေဆုံးခဲ့ကာ အဆိုပါ ပျူစောထီးနာရေးအား ဇူလိုင်လ (၂၈)ရက်နေ့တွင် တော်လှန်ရေးအင်အားစုများက အီနာဂါဗုံးသီး (၇)လုံး ပစ်ချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့နောက် ဇူလိုင်လ (၂၉)ရက်နေ့တွင် ပခုက္ကူခရိုင် မြိုင်မြို့နယ်အတွင်းရှိ ဝက်ပုတ်ပျူစောထီးကျေးရွာ ကင်းဘန်ကာအား တော်လှန်ရေးအင်အားစုများက အီနာဂါဗုံးသီး (၄)လုံး ပစ်ချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် ပျူစောထီးများ ထိခိုက်မှုများရှိနိုင်ပြီး အသေးစိတ်ကို ဆက်လက်စုံစမ်းနေကြောင်း ဘာမထီလက်နက်ကြီးပြောက်ကျားတပ်ဖွဲ့ (မြိုင်)အဖွဲ့က ဆိုသည်။

အဆိုပါတိုက်ခိုက်မှုများအား မြိုင် ပကဖ တပ်ရင်း (၁) ဘာမထီစွယ်စုံ နှင့် နယ်ခံမဟာမိတ်များ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency