ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်တွင် စစ်ကားသုံးစီး မိုင်းဆွဲ၍ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ

မန္တလေးတိုင်းအတွင်း ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်တွင် မန္တလေးဘက်မှ ရန်ကုန်သို့မောင်းနှင်လာသည့် စစ်ကားသုံးစီးအား မိုင်းဆွဲ၍ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ကြောင်း နွားထိုးကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်တွင် မန္တလေးဘက်မှ ရန်ကုန်သို့မောင်းနှင်လာသည့် အင်အား (၄၀)ခန့်ပါရှိသည့် စစ်ကားသုံးစီးအား ၂၀၂၄ခုနှစ် ဇူလိုင်လ (၂၉) ရက်နေ့ မနက် (၈)နာရီတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် စစ်ကားတစ်စီး မီးလောင်သွားပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း နွားထိုးကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လ (၂၁)ရက်နေ့ကလည်း မိတ္ထီလာမြို့မှ မန္တလေးဘက်သို့ စစ်ကူလာသည့် အင်အား (၅၀)ခန့် ပါရှိနိုင်သည့် စစ်ကားနှစ်စီးအား ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်တွင် နွားထိုးကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်မှုများရှိခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Video: နွားထိုးကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့