မိုးကုတ်မြို့တွင် TNLA တပ်များကို ပြည်သူက သပြေပန်းနှင့်ကြို

မိုးကုတ်မြို့တွင် TNLA တပ်များကို ပြည်သူက သပြေပန်းနှင့်ကြို

မန္တလေးတိုင်း မိုးကုတ်မြို့တွင် တအာင်းအမျိုးသားလွတ်မြောက်‌ရေးတပ်မတော်(TNLA)စစ်ကြောင်းကို ပြည်သူလူထုက ယနေ့ ၂၀၂၄ ခုနှစ် ဇူလိုင်လ (၂၄)ရက်နေ့တွင် သပြေပန်းနှင့် ကြိုဆိုခဲ့ကြကြောင်း သိရသည်။

လက်ရှိတွင် TNLA ပူးပေါင်းတပ်သည် မိုးကုတ်မြို့အရှေ့ပိုင်းရှိ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်နေပြီး စစ်ကောင်စီ၏ လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းရရှိထားသည်။

၂၀၂၄ခုနှစ် ဇွန်လ (၂၅)ရက်နေ့မှစတင်သည့် မိုးကုတ်မြို့သိမ်းတိုက်ပွဲအတွင်း မိုးကုတ်မြို့အနောက်ပိုင်းအား TNLA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းယူထားပြီး မြို့အရှေ့ပိုင်းမှ စစ်ကောင်စီစခန်းများကို ဆက်လက်တိုက်ခိုက်ခြင်းဖြစ်သည်။

#TachileikNewsAgency

Photo: Mai A Hein