ငါန်းဇွန်မြို့နယ် မြို့သာရဲစခန်းအတွင်းသို့ ဒရုန်းဖြင့် ဗုံးသီးပစ်ချတိုက်ခိုက်

ငါန်းဇွန်မြို့နယ် မြို့သာရဲစခန်းအတွင်းသို့ ဒရုန်းဖြင့် ဗုံးသီးပစ်ချတိုက်ခိုက်

မန္တလေးတိုင်း တံတားဦးခရိုင် ငါန်းဇွန်မြို့နယ် မြို့သာရဲစခန်းအတွင်းသို့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ဒရုန်းဖြင့် ဗုံးသီးပစ်ချတိုက်ခိုက်ကြောင်း Youths Of Mandalay အဖွဲ့မှ ၂၀၂၄ခုနှစ် ဇူလိုင်လ (၂၃) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ငါန်းဇွန်မြို့နယ် မြို့သာရဲစခန်းအတွင်းသို့ ဇူလိုင်လ (၂၁) ရက်နေ့ နေ့လယ် နှစ်နာရီခွဲဝန်းကျင်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ဒရုန်းဖြင့် ဗုံးသီး (၂) ကြိမ် ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

တိုက်ခိုက်မှုပြုလုပ်ပြီးနောက် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဘက်မှ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း Youths Of Mandalay အဖွဲ့မှ ဆိုသည်။

အဆိုပါတိုက်ခိုက်မှုအား Youths Of Mandalay၊ မြင်းခြံခရိုင် တပ်ရင်းအမှတ်(၆) တပ်ခွဲ (၃)၊ နဂါးနီပြောက်ကျား (မြင်းခြံ) နှင့် ဧရာဝတီမင်းသားပြောက်ကျားအဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency