စစ်ကိုင်းတိုင်း မုံရွာ-ပုသိမ်လမ်း၌ စစ်ကောင်စီတပ်ကို ယနေ့ ၂၀၂၄ခုနှစ် ဇူလိုင်လ (၂၂)ရက်နေ့တွင် တော်လှန်ရေးတပ်များက တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား(၅)ဦးသေပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော်ထံမှ သိရသည်။
ယနေ့ နံနက်(၆)နာရီခွဲခန့်တွင် မုံရွာ-ပုသိမ်လမ်းမပေါ်၌ အင်အား(၁၅၀)ဖြင့်တပ်စွဲထားသည့် စစ်ကောင်စီတပ်စစ်ကြောင်းမှ ပတ်ကင်းထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ကို အုံတုံပင်ကျေးရွာနှင့် ကျေးစာကျကျေးရွာကြားတွင် မဟာမိတ်ပူးပေါင်းတပ်များက တိုက်ခိုက်ခြင်းဖြစ်သည်ဟု သိရသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား (၅)ဦး သေပြီး MA-11 (၃)လက်ကို သိမ်းဆည်းရရှိကာ မဟာမိတ်ပူးပေါင်းတပ်မှ ရဲဘော်တစ်ဦး ကျဆုံးသည်ဟု သိရသည်။
တိုက်ခိုက်မှုကို ယင်းမာပင်ခရိုင်တပ်ရင်းအမှတ် ၃၀(ADPRA) တပ်ခွဲ (၂) (Back Shadow PDF)၊ မဲမှောင်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့၊ ချင်းတွင်းဂဠုန်ရာဇာတပ်ဖွဲ့၊ မဟူရာဒေါင်းမင်းတပ်ဖွဲ့၊ CDRF နှင့် Black Eagle တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
#TachileikNewsAgency