စဉ့်ကူးမြို့ကို အပြီးသတ်သိမ်းပြီဟု မန္တလေး PDF ကြေညာ

စဉ့်ကူးမြို့ကို အပြီးသတ်သိမ်းပြီဟု မန္တလေး PDF ကြေညာ

မန္တလေးတိုင်း စဉ်ကူးမြို့နယ်အတွင်းရှိ စစ်ကောင်စီစခန်းများအားလုံးနှင့် စဉ့်ကူးမြို့ကို ၂၀၂၄ ခုနှစ် ဇူလိုင်လ (၁၇)ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က ယနေ့ ဇူလိုင်လ(၂၀)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

စဉ့်ကူးမြို့နယ်သည် စစ်ကောင်စီ ကင်းစင်သော မြို့နယ်တစ်ခုဖြစ်လာပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)မှ မန္တလေးတိုင်းအတွင်း ပထမဆုံး သိမ်းယူသောမြို့အဖြစ် သမိုင်းမှတ်တမ်းတင်နိုင်ခဲ့ပြီဖြစ်သည်ဟု ဆိုသည်။

စဉ့်ကူးစစ်ဆင်ရေးများတွင် သုံ့ပန်းအများအပြား ဖမ်းဆီးရမိခဲ့ပြီး လက်နက်ခဲယမ်းအများအပြားလည်း သိမ်းဆည်ရရှိသည်ဟုလည်း သိရသည်။

စဉ့်ကူးစစ်ဆင်ရေးများတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ဘက်မှ ထိုက်သင့်သော ပေးဆပ်မှုအချို့ရှိခဲ့ပြီး အသက်ပေးလှူသွားခဲ့သော ရဲဘော်များအား ဦးညွှတ်အလေးပြု မှတ်တမ်းတင်အပ်သည်ဟုလည်း ထုတ်ပြန်ထားသည်။

စဉ့်ကူးစစ်ဆင်ရေးများတွင် စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုများ အဆက်မပြတ်ပြုလုပ်ခဲ့သောကြောင့် အရပ်သားပြည်သူနေအိမ်များ ထိခိုက်ပျက်စီးခဲ့ရသည်ဟု သိရသည်။

#TachileikNewsAgency

Photo: ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)