ငဖဲမြို့နယ်တွင် လေကြောင်းရန်ကာကွယ်ရေး ရေဒါတပ်စခန်းမှ စစ်ကောင်စီတပ်သားများ ပစ်ခတ်ခံရ 

ငဖဲမြို့နယ်တွင် လေကြောင်းရန်ကာကွယ်ရေး ရေဒါတပ်စခန်းမှ စစ်ကောင်စီတပ်သားများ ပစ်ခတ်ခံရ 

မကွေးတိုင်း ငဖဲမြို့နယ်တွင် လှည့်ကင်းထွက်လာသည့် လေကြောင်းရန်ကာကွယ်ရေး ရေဒါတပ်စခန်းမှ စစ်ကောင်စီတပ်သား(၆)ဦး ပစ်ခတ်ခံရပြီး (၃)ဦး သေကာ လက်နက်တစ်လက် သိမ်းဆည်းရရှိသည်ဟု PRA-Magway ထံမှ သိရသည်။

၂၀၂၅ခုနှစ် ဇန်နဝါရီလ (၃)ရက်နေ့ ညနေပိုင်းတွင် ငဖဲမြို့နယ် မျှော်စင်ရွာအနေက်ဘက် နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေး ရေဒါစခန်းမှ စစ်ကောင်စီတပ်သား(၆)ဦးဝန်းကျင်သည် ဆိုင်ကယ်ဖြင့် လှည့်ကင်းထွက်လာရာ PRA-Magway တပ်ဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား (၃)ဦးသေကာ တစ်ဦး ဒဏ်ရာရပြီး စစ်ကောင်စီတပ်သားများထံမှ MA-3 သေနတ်တစ်လက်ကို သိမ်းဆည်းရရှိသည်ဟု သိရသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ (၁၈)ရက်နေ့ကလည်း ပဒါန်းမှတက်လာသော အင်အား(၁၀၀)ဝန်းကျင်ပါ စစ်ကောင်စီ စစ်ကား(၄)စီးနှင့် ကားသေးတစ်စီးတို့ကို ငဖဲမြို့နယ် ဂုတ်ကြီးကျေးရွာအထက်တွင် မိုင်း(၉)လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကားတစ်စီးပျက်စီးသည်ဟု သိရသည်။

ထို့အပြင် ဒီဇင်ဘာလ(၂၆)ရက်နေ့နှင့် ဒီဇင်ဘာလ(၂၉)ရက်နေ့တို့တွင် တိုက်ပွဲမှထွက်ပြေးလာသော စစ်ကောင်စီ တပ်သား(၄)ဦးတို့ကိုလည်း ဖမ်းဆီးရမိထားသည်ဟု ဆိုသည်။

#TachileikNewsAgency

#TNA_MAT

Photo: PRA-Magway