လာရှိုးမြို့တိုက်ပွဲတွင် စစ်ကောင်စီတပ်သားအများအပြားဖမ်းမိပြီး လက်နက်ချအလင်းဝင်သူများလည်းရှိနေ

ရှမ်းပြည်နယ်မြောက်ပိုင်း လာရှိုးမြို့ရှိ စစ်ကောင်စီတပ်စခန်းများကို MNDAA က တိုက်ခိုက်နေရာ စစ်ကောင်စီတပ်သား အများအပြားကို ဖမ်းဆီးရမိထားပြီး လက်နက်ချအလင်းဝင်လာသူလည်းများကြောင်း MNDAA က ယနေ့ ၂၀၂၄ခုနှစ် ဇူလိုင်လ (၁၆)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ဇူလိုင်လ (၁၄)ရက်နေ့တွင် MNDAA တပ်မဟာ(၂၁၁)သည် လားရှိုးမြို့ရှိ စစ်ကောင်စီတပ်၏ နန်ကျိုင်းတပ်စခန်းအားသိမ်းပိုက်ရာ စစ်ကောင်စီတပ်မှ စစ်သုံ့ပန်းများအား ဖမ်းဆီးရမိခဲ့ပြီး ၎င်းသုံ့ပန်းများထဲတွင် အသက်မပြည့်သေးသည့် (၁၈)နှစ်အောက် ကင်းထောက်(၃)ဦး ပါဝင်သည်ဟု သိရသည်။

ထို့အပြင် ဇူလိုင်လ (၁၃)ရက်နေ့တွင်လည်း လားရှိုးတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ဒုတပ်ခွဲမှူး (၁)ဦးအပါအဝင် စစ်သုံ့ပန်း (၃၂)ဦးကို ဖမ်းဆီးရမိခဲ့ပြီး ဒဏ်ရာရစစ်ကောင်စီတပ်သားများကို ဆေးဝါးကုသပေးထားသည်ဟု သိရသည်။

အသေးစိတ်အချက်အလက်ကိုမူ MNDAA ဘက်က ထုတ်ပြန်ထားခြင်းမရှိသေးပါ။

#TachileikNewsAgency

Video : The Kokang