ရှမ်းမြောက်တွင် စစ်ကောင်စီတိုက်ခိုက်မှုကြောင့် အရပ်သားတစ်ဦးသေ ၃ ဦးဒဏ်ရာရ

ရှမ်းမြောက်တွင် စစ်ကောင်စီတိုက်ခိုက်မှုကြောင့် အရပ်သားတစ်ဦးသေ ၃ ဦးဒဏ်ရာရ
ဇူလိုင် 15, 2024 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် (၄)ရက်တာ တစ်ဖက်သတ်အပစ်ရပ်ရန်ထားသော်လည်း စစ်ကောင်စီတပ်က လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား (၁)ဦးသေဆုံးပြီး (၃)ဦးဒဏ်ရာရကြောင်း TNLA ထံမှ သိရသည်။

ယနေ့ ညနေ (၃)နာရီတွင် ကျောက်မဲမြို့ကို စစ်ကောင်စီတပ်မှ လက်နက်ကြီး အလုံး(၃၀)ခန့်ပစ်ခတ်ခဲ့ရာ နမ့်ဟူးတောင်အထက်ကျေးရွာနေ အဖွားအို (၁)ဦး ထိမှန်သေဆုံးသွားသည်ဟု ဆိုသည်။

ထို့အပြင် ကျောက်မဲမြို့ ရပ်ကွက် (၉)တွင်လည်း စစ်ကောင်စီ၏ လက်နက်ကြီးကျရောက်ထိမှန်မှုကြောင့် အရပ်သား (၃)ဦး ထိခိုက်ဒဏ်ရာရသည်ဟု ဆိုသည်။

ယနေ့ နေ့လယ် (၃)နာရီဝန်းကျင်တွင် သိန္နီမြို့ လမ်းဆုံအား စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ရှမ်းမြောက်တွင် (၂၁)ရက်ကြာပြီဖြစ်သည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုတို့ကြောင့် အရပ်သား (၆၇) ဦး သေဆုံးပြီး (၁၀၆)ဦး ထိခိုက်ဒဏ်ရာရရှိသည်ဟု သိရသည်။

လက်ရှိတွင် မြောက်ပိုင်းညီနောင် မဟာမိတ်တပ်များသည် ရှမ်းမြောက်တွင် ဇူလိုင်လ (၁၄)ရက်နေ့မှ ဇူလိုင်လ (၁၈)ရက်နေ့အထိ တဖက်သတ်အပစ်ရပ်ထားသည်။

#TachileikNewsAgency

Photo: PSLF/TNLA News