ရှမ်းမြောက်တွင် စစ်ဆင်ရေးတာဝန်များထမ်းဆောင်ခဲ့သည့် KNDF ၆၀၆ တပ်ရင်း ကရင်နီဒေသတွင် ဆက်လက်တာဝန်ထမ်းဆောင်နေ

ရှမ်းမြောက်တွင် စစ်ဆင်ရေးတာဝန်များထမ်းဆောင်ခဲ့သည့် KNDF ၆၀၆ တပ်ရင်း ကရင်နီဒေသတွင် ဆက်လက်တာဝန်ထမ်းဆောင်နေ

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ညီနောင်မဟာမိတ် (၃)ဖွဲ့ထံမှ စစ်ပညာသင်ကြားပြီး မဟာမိတ်များနှင့်အတူ ပထမ ၁၀၂၇ စစ်ဆင်ရေးတွင် ပါဝင်ခဲ့သည့် KNDF ၆၀၆ တပ်ရင်းသည် ၆၀၆ တပ်ရင်း (စစ်ဦးစီးတပ်) အနေဖြင့် ကရင်နီဒေသတွင် တာဝန်ထမ်းဆောင်နေပြီဖြစ်ကြောင်း KNDF ထံမှ သိရသည်။

၆၀၆ တပ်ရင်းသည် မြောင်းပိုင်းညီနောင်မဟာမိတ်တပ်ဖွဲ့များထံတွင် စစ်ပညာကို စနစ်တကျ သင်ယူလေ့ကျင့်ခဲ့ပြီး ၁၀၂၇ စစ်ဆင်ရေးတွင် တိုက်ပွဲဝင်ခဲ့ကာ လက်ရှိအချိန်တွင် မိခင်မြေသို့ပြန်လည်ရောက်ရှိ၍ စစ်ဦးစီးတပ်အဖြစ် တာဝန်ထမ်းဆောင်နေခဲ့သည်မှာ လအတန်ကြာခဲ့ပြီဖြစ်ကြောင်း သိရသည်။

၆၀၆ ဆိုသည့် တပ်ရင်းအမည်သည် မြောက်ပိုင်းညီနောင်မဟာမိတ် တိုင်းရင်းသားတပ်မဟာတွင် စစ်ပညာလေ့လာဆည်းပူးချိန်ကတည်းက ကင်ပွန်းတပ်ခံထားပြီးဖြစ်သောကြောင့် ယခုတွင်လည်း ထိုအမည် ၆၀၆ ကို ဆက်လက်သုံးစွဲခြင်းဖြစ်ကြောင်း KNDF ၆၀၆ တပ်ရင်း မှ ဆိုသည်။

၆၀၆ စစ်ဦးစီးတပ်သည် ညီနောင်တပ်ရင်းများနှင့် ချိတ်ဆက်ပြီး ကရင်နီပြည်မှ တစ်နိုင်ငံလုံး စစ်အာဏာရှင်လက်မှ လွတ်မြောက်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency