ထားဝယ်ခရိုင်အတွင်း စစ်ကောင်စီတပ်သားများစီးနင်းလာသည့် ကားတစ်စီးအား PDF ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်

ထားဝယ်ခရိုင်အတွင်း စစ်ကောင်စီတပ်သားများစီးနင်းလာသည့် ကားတစ်စီးအား PDF ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်

တနင်္သာရီတိုင်း ထားဝယ်ခရိုင် ရန်ကုန်-ထားဝယ် အမှတ် (၈)ပြည်ထောင်စုလမ်းမကြီးပေါ်၌ စစ်ကောင်စီတပ်သားများစီးနင်းလာသည့် Hijet ကားတစ်စီးအား PDF ပူးပေါင်းတပ်ဖွဲ့မှ ကြားဖြတ်တိုက်ခိုက်ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (DNLA) မှ ၂၀၂၄ခုနှစ် ဇူလိုင်လ (၁၂)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ရန်ကုန်-ထားဝယ် အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးပေါ်၌ ဇူလိုင်လ (၁၁) ရက်နေ့ ညနေ (၃)နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်သားများစီးနင်းလာသည့် Hijet ကားတစ်စီးအား PDF ပူးပေါင်းတပ်ဖွဲ့မှ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား (၁)ဦး သေဆုံးခဲ့ပြီး MA3 သေနတ် (၁)လက် ၊ ကျည်ဘောက် (၄)ခု ၊ ကျည် (၁၅၀)တောင့်နှင့် ဖုန်း (၁)လုံးတို့ကို သိမ်းဆည်းရမိကြောင်း DNLAမှ ဆိုသည်။

တိုက်ခိုက်မှုပြီးနောက် PDF ပူးပေါင်းတပ်ဖွဲ့များဘက်မှ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (DNLA) တပ်ခွဲ (၁)နှင့် ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) အဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

#TachileikNewsAgency