မြဝတီမြို့အနီး စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်များ တိုက်ပွဲဖြစ်နေ

မြဝတီမြို့အနီး စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်များ တိုက်ပွဲဖြစ်နေ

ကရင်ပြည်နယ် မြဝတီမြို့အနီး လတ်ခတ်တောင်၊ တုံးတံတားဒေသများတွင် စစ်ကောင်စီတပ်ပူးပေါင်း BGFတပ်များနှင့် KNLA ပူးပေါင်းတပ်များ တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။

၂၀၂၃ခုနှစ် ဇူလိုင်လ (၅)ရက်နေ့ကစပြီး စစ်ကောင်စီတပ်ပူးပေါင်း BGFတပ်များကို ကျားသစ်နက်စစ်ကြောင်း၊ တပ်မဟာ(၆) KNU/KNLA ပူးပေါင်းတပ်ဖွဲ့၊ ကော်ဘရာစစ်ကြောင်း (၁)နှင့် Federal Wingsတို့ပူးပေါင်းပြီး တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

"တိုက်ပွဲကတော့ ထိတွေ့ဖြစ်တာလောက်ပဲရှိပါသေးတယ်။ လက်ရှိကတော့ ငြိမ်နေတုန်းပါပဲ စစ်ကောင်စီနဲ့ BGFကလည်း အင်အားဖြည့်ထားတယ်လို့ဝော့ာ သိရတာရှိပါတယ်။"ဟု ကျားသစ်နက်စစ်ကြောင်းက Tachileik News Agencyကိုပြောသည်။

စစ်ကောင်စီတပ်ပူးပေါင်း BGFများနှင့် တော်လှန်ရေးတပ်များအကြား ယနေ့ ဇူလိုင်လ (၁၂)ရက်နေ့အထိ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေသော်လည်း အသေးစိတ်ကိုမူ သက်ဆိုင်ရာတပ်ဖွဲ့များဘက်က ဖြေကြားနိုင်ခြင်းမရှိသေးပါ။

#TachileikNewsAgency

Photo : MPA