၁၀၂၇ ဒုတိယပိုင်းနှင့် ရှမ်းမန်းစစ်ဆင်ရေးတွင် ပါဝင်တိုက်ခိုက်နေသည့် တပ်ရင်းများအား NUG ထုတ်ပြန်

၁၀၂၇ ဒုတိယပိုင်းနှင့် ရှမ်းမန်းစစ်ဆင်ရေးတွင် ပါဝင်တိုက်ခိုက်နေသည့် တပ်ရင်းများအား NUG ထုတ်ပြန်

၁၀၂၇ စစ်ဆင်ရေး (ဒုတိယပိုင်း)နှင့် ရှမ်းမန်း စစ်ဆင်ရေးတွင် NUG လက်အောက်ရှိ စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းတို့မှ တပ်ရင်းများ ပါဝင်တိုက်ခိုက်နေကြောင်း ၂၀၂၄ ခုနှစ် ဇူလိုင်လ (၉)ရက်နေ့တွင် NUG ကာကွယ်ရေးဝန်ကြီးဌာနက ဖော်ပြသည်။

၁၀၂၇ စစ်ဆင်ရေး (ဒုတိယပိုင်း) နှင့် ရှမ်းမန်း စစ်ဆင်ရေးတွင် ပါဝင်တိုက်ခိုက်နေသော ဗျူဟာနှင့် တပ်ရင်းများမှာ ဗျူဟာ (၅၂) ရွှေဘိုခရိုင် တပ်ရင်း (၇)၊ ရွှေဘိုခရိုင် တပ်ရင်း(၁၀)၊ ရွှေဘိုခရိုင် တပ်ရင်း(၁၆)၊ ဗျူဟာ (၅၅)၊ ရွှေဘိုခရိုင် တပ်ရင်း(၁၅)၊ ရွှေဘိုခရိုင် တပ်ရင်း(၁၈)၊ ရွှေဘိုခရိုင် တပ်ရင်း(၂၃)၊ ရွှေဘိုခရိုင် တပ်ရင်း(၂၆)နှင့် ညောင်ဦးခရိုင် တပ်ရင်း(၃)တို့ပါဝင်သည်။

ထို့အပြင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)၊ မိုးကုတ် ဗျူဟာတပ်ရင်း (၁၂၂၁၊ ၁၂၂၂၊ ၁၂၂၃၊ ၁၂၂၄)၊ အမှတ် (၅၁၃) တပ်ရင်း၊ ကျောက်မဲခရိုင် အထူးတိုက်ခိုက်ရေးတပ်ဖွဲ့၊ ပြင်ဦးလွင်ခရိုင် ပကဖ၊ မိုးကုတ်မြို့နယ် ပကဖ၊ မတ္တရာမြို့နယ် ပကဖ နှင့် သက်ဆိုင်ရာ ပကဖအဖွဲ့ တို့လည်း ပါဝင်တိုက်ခိုက်နေကြောင်း ထုတ်ပြန်သည်။

အဆိုပါတပ်ရင်းများသည် ရှမ်းမြောက် နောင်ချို၊ ကျောက်မဲမြို့၊ မန္တလေးတိုင်း မိုးကုတ်၊ မတ္တရာနှင့် စဉ့်ကူးမြို့နယ်တို့ရှိ စစ်ကောင်စီ တပ်စခန်းများကို တိုက်ခိုက်နေခြင်းဖြစ်သည်။

#TachileikNewsAgency

Photo: MOD NUG