ယင်းမာပင်မြို့နယ်အတွင်းရှိ စစ်ရေးပစ်မှတ်များအား PDF ပူးပေါင်းတပ်ဖွဲ့များမှ ဒရုန်းဖြင့်ဗုံးကြဲ တိုက်ခိုက်

ယင်းမာပင်မြို့နယ်အတွင်းရှိ စစ်ရေးပစ်မှတ်များအား PDF ပူးပေါင်းတပ်ဖွဲ့များမှ ဒရုန်းဖြင့်ဗုံးကြဲ တိုက်ခိုက်

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ယင်းမာပင်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များအထိုင်ချနေသည့် စစ်ရေးပစ်မှတ်များအား Fixed Wing Drone များဖြင့် ဗုံးသီးကြဲချတိုက်ခိုက်ကြောင်း ယင်းမာပင်ခရိုင် ဗျူဟာ (၄၅) KLG PDF မှ ၂၀၂၄ခုနှစ် ဇူလိုင်လ (၈) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ယင်းမာပင်မြို့နယ် စစ်ကောင်စီ၏ ရဲတပ်ရင်း (၂၈) ဗဟိုကင်းနှင့် Jammer ထိုင်ထားရာ ရေစင်ပေါ်သို့ ဇူလိုင်လ (၇) ရက်နေ့ နံနက် (၁၁) နာရီတွင် PDF ပူးပေါင်းတပ်ဖွဲ့များမှ Fixed Wing Drone များအသုံးပြု၍ 1 KG ဗုံးသီး လေးလုံးကြဲချတိုက်ခိုက်ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် ရဲတပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရဲ Icon များ၏ ပြောဆိုမှုအရ သိရကြောင်း KLG PDF အဖွဲ့မှ ဆိုသည်။

ထို့အပြင် ဇူလိုင်လ (၇) ရက်နေ့ နေ့လယ် (၁၂) နာရီတွင် ယင်းမာပင်မြို့နယ် ရွှေတောင်ဦး စစ်ကောင်စီရိပ်သာနှင့် မင်္ဂလာဆောင်ပေါ်သို့ PDF ပူးပေါင်းတပ်ဖွဲ့များမှ Fixed Wing Drone များ အသုံးပြု၍ 1 KG ဗုံးသီး (၃)လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ ထိခိုက်မှုများကို ဆက်လက်စုံစမ်းလျှက်ရှိကြောင်း KLG PDF အဖွဲ့မှ ဆိုသည်။

အဆိုပါတိုက်ခိုက်မှုများကို ယင်းမာပင်ခရိုင် ဗျူဟာ(၄၅) KLG PDF၊ ယင်းမာပင်မြို့နယ် တိုက်နယ်(၂) ပကဖ ၊ ချင်းတွင်းဂဠုန်ရာဇာအဖွဲ့နှင့် P.R.A.F အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency