ထီးလင်းတွင် စစ်ကောင်စီထောင်ထားခဲ့သည့် မြေမြှုပ်မိုင်း ၅ လုံး YRA ရှင်းလင်း

ထီးလင်းတွင် စစ်ကောင်စီထောင်ထားခဲ့သည့် မြေမြှုပ်မိုင်း ၅ လုံး YRA ရှင်းလင်း

မကွေးတိုင်း ဂန့်‌ဂေါခရိုင် ပလုံတွီ-ထီးလင်းတောလမ်း (ဒေသအခေါ် ထီးလင်းအနောက်တော)၌ စစ်ကောင်စီတပ်များ ထောင်ထားသည့် နင်းမိုင်း(၅)လုံးအား ဂန့်ဂေါခရိုင်တပ်ရင်း (၁၅၊ ၁၆၊ ၁၇) YRA ထီးလင်း ရဲဘော်များက ၂၀၂၄ ခုနှစ် ဇွန်လ (၂၉) ရက်နေ့တွင် ဖယ်ရှားရှင်းလင်းကြောင်း သိရသည်။

ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးခဲ့သည့် တောတောင်များ၊ စစ်ကြောင်းဝင်ရောက်ခဲ့ရာ ကျေးရွာများအတွင်းသို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့များမှ နယ်မြေရှင်းလင်းပြီးကြောင်း မကြေငြာမချင်း ဝင်ရောက်နေထိုင်ခြင်းမပြုရန်လည်း ထုတ်ပြန်ထားသည်။

ထို့အပြင် အနီးနားပတ်ဝန်းကျင်၌ လက်နက်ကြီးအကြွင်းအကျန်များ၊ မြေမြှုပ်မိုင်းများတွေ့ရှိပါက နီးစပ်ရာကာကွယ်ရေးတပ်ဖွဲ့များသို့ အမြန်ဆုံးအကြောင်းကြားကြရန်လည်း အသိပေးထားသည်။

#TachileikNewsAgency

Photo: Yaw Revolution Army-ထီးလင်း