ကျွန်းလှမြို့နယ်တွင် စစ်ကောင်စီတပ်အား တော်လှန်ရေးတပ်များတိုက်ခိုက်ရာ  ၂ ဦးအရှင်မိ လက်နက်များရ

ကျွန်းလှမြို့နယ်တွင် စစ်ကောင်စီတပ်အား တော်လှန်ရေးတပ်များတိုက်ခိုက်ရာ  ၂ ဦးအရှင်မိ လက်နက်များရ

စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ်တွင် စစ်ကောင်စီနှင့် ပျူစောထီးများ တပ်စွဲရန်ပြင်ဆင်နေသည့်နေရာအား တော်လှန်ရေးတပ်များက ယနေ့ ၂၀၂၄ ခုနှစ် ဇွန်လ (၂၈)ရက်နေ့တွင် ဝင်တိုက်ရာ စစ်သုံ့ပန်း (၂)ဦးဖမ်းမိပြီး လက်နက်(၈)လက် သိမ်းဆည်းရရှိသည်ဟု အမှတ် (၁)စစ်ဒေသက သတင်းထုတ်ပြန်သည်။

ခမရ(၃၆၁)နှင့် ပျူစောထီး ပူးပေါင်းအင်အား (၂၀၀)ခန့် တပ်ဖြန့်အ‌ခြေပြုတပ်စွဲရန် ပြင်ဆင်နေသည့် အင်တိုင်းရွာနှင့် ကျောက်ပုံကုန်းနေရာတို့အား ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

         

၎င်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများကာ  စစ်သုံ့ပန်း (၂)ဦး ဖမ်းဆီးရမိပြီး လက်နက်ငယ် (၈)လက်ကိုလည်း  သိမ်းဆည်းရရှိသည်ဟု သိရသည်။

တော်လှန်ရေးတပ်ဖွဲ့များဘက်ကလည်း ရဲဘော် (၂)ဦးကျဆုံးသည်ဟု သိရသည်။

တိုက်ခိုက်မှုကို ကန့်ဘလူခရိုင် ကွပ်ကဲရေးမှူး၏ ကွပ်ကဲမှုဖြင့် ကန့်ဘလူခရိုင် တပ်ရင်း (၁၊ ၂)၊ ရွှေဘိုခရိုင် ကွပ်ကဲရေးရုံးအဖွဲ့၊ ရွှေဘိုခရိုင် တပ်ရင်း (၆၊ ၉၊ ၁၂)၊ ဗျူဟာ-၅၂ (ရွှေဘိုခရိုင် တပ် ရင်း-၇၊ ၈၊ ၁၀၊ ၁၆)၊ စစ်ကိုင်းတိုင်း ပကဖနှင့် ကျွန်းလှမြို့နယ် ပကဖ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: အမှတ်(၁) စစ်ဒေသ