ကျောက်မဲမြို့ ရပ်ကွက်များအတွင်း တိုက်ပွဲကြောင့် သေဆုံးသူ ၂၁ ဦး တွေ့ရှိ

ကျောက်မဲမြို့ ရပ်ကွက်များအတွင်း တိုက်ပွဲကြောင့် သေဆုံးသူ ၂၁ ဦး တွေ့ရှိ

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့တွင် (၃)ရက်တာတိုက်ပွဲအတွင်း  သေဆုံးနေသူ (၂၁)ဦး၏ ရုပ်အလောင်းများကို ၂၀၂၄ ခုနှစ် ဇွန်လ (၂၇)ရက်နေ့၌ ရပ်ကွက်များအတွင်းမှ သယ်ယူသဂြိုလ်ပေးထားကြောင်း လူမှုကူညီရေးအသင်းများထံမှ သိရသည်။

ကျောက်မဲမြို့တွင် TNLA နှင့် စစ်ကောင်စီတပ်တို့ကြား ဇွန်လ (၂၅)ရက်နေ့ကစပြီး တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် ယနေ့တွင် ကျောက်မဲမြို့တွင်း တိုက်ပွဲငြိမ်သွားကာ မြို့ပြင်၌ ပစ်ခတ်မှုများ ရှိနေဆဲဖြစ်ကြောင်း သိရသည်။

မြို့တွင်း တိုက်ပွဲအခြေအနေငြိမ်သက်နေချိန်တွင် နမ့်ခုံးရှမ်းများ ပရဟိတအသင်း ကျောက်မဲအသင်းခွဲနှင့် နာရေးကူညီမှုအသင်း - ကျောက်မဲတို့က မြို့တွင်း၌ သေဆုံးနေသူတို့၏ ရုပ်အလောင်းများကို သယ်ဆောင်ပေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

လူမှုကူညီရေးအသင်းများက အဆိုပါ ရုပ်အလောင်းများကို အေးချမ်းသာသုသာန်သို့ ပို့ဆောင် သင်္ဂြိုဟ်ပေးခဲ့ကြကြောင်း သိရသည်။

#TachileikNewsAgency 

Photo: နမ့်ခုံးရှမ်းများ ပရဟိတအသင်း