မြိုင်မြို့နယ်တွင် သံဃာတော်အပါး တစ်ရာကျော် စစ်ကောင်စီအား ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် စတင်ပြုလုပ်

မြိုင်မြို့နယ်တွင် သံဃာတော်အပါး တစ်ရာကျော် စစ်ကောင်စီအား ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် စတင်ပြုလုပ်

မကွေးတိုင်း မြိုင်မြို့နယ်အတွင်းရှိ သံဃာတော်အပါး(၁၀၀)ကျော်သည် စစ်ကောင်စီအား ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်ကို ယနေ့ ၂၀၂၄ခုနှစ် ဇွန်လ (၂၇)ရက်နေ့ နံနက်(၈)နာရီတွင် ဒါယိကာ၊ ဒါယိကာမများ ဝန်းရံ၍ ပြုလုပ်ကြောင်း သိရသည်။

ပဲခူးမြို့ရှိ ဝင်းနိမ္မိတာရုံစာသင်တိုက်၏ ပဓာနနာယက၊ နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ဝင် ဆရာတော်ကြီး ဘဒ္ဒန္တမုနိန္ဒာဘိဝံသကို စစ်ကောင်စီတပ်က ဇွန်လ (၁၉)ရက်နေ့တွင် ပစ်သတ်ခဲ့ပြီးနောက် (၈)ရက်မြောက်အကြာတွင် သံဃာတော်များက စစ်ကောင်စီကို ကံဆောင်သပိတ် စတင်ပြုလုပ်လာကြခြင်းဖြစ်သည်။ 

စစ်ကောင်စီတပ်၏ သတ်ဖြတ်မူကြောင့် ပျံလွန်ခဲ့ရသည့် ဝင်းနိမ္မိတာရုံဆရာတော်ကြီးနှင့်ပတ်သက်၍  သီတဂူဆရာတော် ဘဒ္ဒန္တ ဉာဏိဿရက စစ်တပ်ကို သည်းခံခွင့်လွှတ်မေ့ပစ်ရန် သံဃာထုအား ဇွန်လ(၂၂)ရက်နေ့တွင်  ပြောဆိုခဲ့သည်။

ထို့အပြင် စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ကိုယ်စားအနေဖြင့် ပဲခူးတိုင်းအစိုးရအဖွဲ့ကို ဆရာတော်ကြီးများထံ လျောက်ထားတောင်းပန်ခဲ့သော်လည်း ဈာပနာစီမံရေး ဆရာတော်ကြီးတစ်ပါးက "လျှောက်ထားသည့်အတွက် သိရှိရပြီပေါ့လေ။ ဝမ်းနည်းဖွယ်ရာ၊ ကြေကွဲဖွယ်ရာ၊ မေ့ပျောက်ဖွယ်ရာတော့ မဖြစ်နိုင်ဘူး။ ဝမ်းနည်းပါတယ်။ ကြေကွဲပါတယ်။ မမေ့ဖျောက်နိုင်ဘူး။ ဒါပဲပြောချင်တယ်"ဟု ပြန်လည်မိန့်ကြားခဲ့သည်။

#TachileikNewsAgency

Photo: မြိုင်-ပကဖ