ကျောက်မဲတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၇ ဦးလက်နက်ချ

ရှမ်းပြည်နယ်မြောက်ပိုင်း  ကျောက်မဲမြို့တိုက်ပွဲတွင် ကျောက်မဲအခြေစိုက် စကခ(၁) လက်အောက်ခံ စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၇)ဦးသည် တအာင်းအမျိုးလွတ်မြောက်ရေးတပ်မတော်(TNLA)ထံ ၂၀၂၄ ခုနှစ် ဇွန်လ (၂၆)ရက်နေ့ ညနေပိုင်းတွင် လက်နက်ချအညံ့ခံကြောင်း TNLA ထံမှ သိရသည်။

လက်ရှိလက်နက်ချသူများမှာ ကျောက်မဲမြို့ မည်သည့်တိုက်ပွဲ၌ဖြစ်သည်ကိုမူ တိကျစွာထုတ်ပြန်ထားခြင်းမရှိပါ။

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ရှိ ငြိမ်းချမ်းရေးကုန်း၊ အမှတ် (၃၅၂) အမြောက်တပ်ရင်းတို့ကို ယနေ့ နံနက်ပိုင်းတွင် TNLA ကသိမ်းပိုက်လိုက်ပြီဖြစ်ကာ စစ်သုံ့ပန်းများကိုလည်း ဖမ်းမိခဲ့ကြောင်း TNLA မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကိုပြောဆိုထားသည်။ 

စစ်ကောင်စီနှင့် TNLA ပူးပေါင်းတပ်တို့သည် မိုးကုတ်၊ နောင်ချို၊ ကျောက်မဲနှင့် သီပေါမြို့တို့တွင် ၂၀၂၄ခုနှစ် ဇွန်လ (၂၅)ရက်နေ့မှစတင်၍ တိုက်ပွဲများပြန်လည်ဖြစ်ပွားလာခြင်းဖြစ်သည်။

#TachileikNewsAgency

Video : PSLF/TNLA News