မကွေးတိုင်း ပခုက္ကူခရိုင် ကမ္မမြို့မှ ထွက်လာသည့် စစ်ကောင်စီယာဉ်တန်း လမ်းလုံခြုံရေးအဖွဲ့ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း Young Force – UG ထံမှ သိရသည်။
ကမ္မမြို့မှ တွင်းမပြည်သူ့စစ်ရွာသို့ ၂၀၂၄ခုနှစ် ဇွန်လ (၁၇) ရက်နေ့ နံနက် (၉) နာရီတွင် ထွက်လာသည့် စစ်တပ်၊ ရဲ နှင့် ပျူစောထီးများ လမ်းလုံခြုံရေးလိုက်ပါလာသည့် စစ်ကောင်စီကား (၉)စီးပါ ယာဉ်တန်းကို လမ်းတစ်လျှောက် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ ဒရုန်းဖြင့် ဗုံးသီး (၃၀)ခန့် လိုက်လံကြဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ တပ်ဖွဲ့ဝင်တချို့ သေဆုံး၊ ထိခိုက်ဒဏ်ရာရမှုများ ရှိကြောင်း Young Force – UG မှ ဆိုသည်။
တိုက်ခိုက်မှုကို မြိုင်ပကဖ၊ Black Cobra (ကမ္မတပ်ပေါင်းစု)၊ DMG (ဓားမင်းကြီး)၊ အညာမြေပြောက်ကျားတပ်ဖွဲ့၊ Kamma Defense Force (KMDF)၊ Kamma Underground (ကမ္မတပ်ပေါင်းစု)၊ Pakokku People Defense Force (PPDF)၊ ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Phoenix People’s Denfese Force (ဂဠုန်တပ်ခွဲ-၂)၊ ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-၂ Thurain-TR Pakokku နှင့် Young Force - UG တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
#TachileikNewsAgency
Video: Young Force – UG