မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ်များ ပစ်ခတ်ခံရကာ ၃ ဦးသေ လက်နက်အချို့သိမ်းဆည်းရရှိ

မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ်များ ပစ်ခတ်ခံရကာ ၃ ဦးသေ လက်နက်အချို့သိမ်းဆည်းရရှိ

မကွေးတိုင်း မြိုင်မြို့နယ်ရှိ ကိုင်းတောမစခန်းမှ ထွက်လာသော စစ်ကောင်စီတပ်သားများကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက ယနေ့ ၂၀၂၄ ခုနှစ် ဇွန်လ (၁၅)ရက်နေ့ နံနက်ပိုင်းတွင် ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား (၃)ဦးသေပြီး သေနတ်(၂)လက် သိမ်းဆည်းရရှိသည်ဟု သိရသည်။

ကိုင်းတောမစခန်းမှ အင်အား(၁၅)ဦးဖြင့် ထွက်လာသော စစ်ကောင်စီတပ်သားများကို စခန်းနှင့် မီတာ (၅၀)အကွာအရောက်တွင် ပြည်သူ့ကာကွယ် ရေးအဖွဲ့များမှ (၁၅)မိနစ်ခန့် အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား (၃)ဦးသေကာ MA-1 သေနတ် (၂)လက် သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

တိုက်ခိုက်မှုကို မြိုင်ပကဖ၊ ပခုက္ကူမြို့နယ်အခြေစိုက်စုဖွဲ့မှုတပ်ရင်းတပ်ဖွဲ့၊ Earthquake People's Defence Force၊ Pakokku People's Defense Force၊ Young Force UG၊ Hunter PKU၊ Justice Revolution Force နှင့် Thu Rain TR တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency