မောင်တောမြို့ရှိ စစ်ကောင်စီတပ်စခန်း ၄ ခုကို AA ထပ်မံသိမ်းရာ ဗိုလ်မှူးကြီးတစ်ဦးအပါ ၂၀၀ ကျော်သေဆုံး

မောင်တောမြို့ရှိ စစ်ကောင်စီတပ်စခန်း ၄ ခုကို AA ထပ်မံသိမ်းရာ ဗိုလ်မှူးကြီးတစ်ဦးအပါ ၂၀၀ ကျော်သေဆုံး

ရခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း (၄)ခုကို ၂၀၂၄ခုနှစ် ဇွန်လဒုတိယပတ်အတွင်း ထပ်မံသိမ်းပိုက်နိုင်ခဲ့ကြောင်း အာရက္ခတပ်တော်တော်(AA)က ယနေ့ ၂၀၂၄ခုနှစ် ဇွန်လ (၁၄)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

မောင်တောမြိုနယ်အတွင်းရှိ နခခ (၄) တပ်ရင်းဌာနချုပ်နှင့် အလယ်သံကျော်စခန်းအား ဇွန်လ (၁၀)ရက်နေ့၊ မောရဝတီဗျူဟာနှင့် နခေါင်းတိုစခန်းအား ဇွန်လ(၁၃)ရက်နေ့တို့တွင် ထပ်မံသိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲများအတွင်း မောရဝတီဗျူဟာမှူး ဗိုလ်မှူးကြီး တေဇာဌေးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၀၀)ကျော် သေသည်ဟု ဆိုသည်။

AA သည် ဇွန်လ ပထမအပတ်အတွင်း၌ မောင်တောမြို့ရှိ တာဝါတိုင်စခန်း၊ ကျောက်ပန္ဒူစခန်း၊ ခွဆုံပြင်စခန်း၊ မြင်းလွှတ်စခန်း၊ အင်းဒင်စခန်း (သို့) နခခ (၆) စခန်းနှင့် နခခ (၉) စခန်းတို့အား အပြီးသတ်သိမ်းပိုက်ထားပြီး ဖြစ်သည်။

 

တစ်ပြိုင်နက်တည်းတွင် မောင်တော၊ အမ်းနှင့် သံတွဲမြို့များရှိ စစ်ကောင်စီတပ်စခန်းများကိုလည်း ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ဇွန်လ (၁၃)ရက်နေ့တွင် တောင်ကုတ်မြိုနှင့် (၈) မိုင်ခန့်အကွာရှိ တောင်ကုတ်-အမ်း ကားလမ်းမပေါ်ရှိ ရွှေကွမ်းစမ်း တံတားအား စစ်ကောင်စီမှ မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။

တိုက်ပွဲများအတွင်း စစ်ကောင်စီ၏ လက်နက်ခဲယမ်း၊ စစ်လက်နက်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရရှိထားကာ စစ်သုံပန်းတချို့ကိုလည်း ဖမ်းဆီးရမိခဲ့ပြီး လက်နက်ချအညံ့မခံဘဲ ထွက်ပြေးနေသည့်  စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်း လိုက်လံရှင်းလင်းနေသည်ဟု သိရသည်။

#TachileikNewsAgency

Photo: AA Info Desk