ပဲခူးတိုင်း ခလယ်လွီထူ (ညောင်လေးပင်ခရိုင်) ရှေ့တန်းနယ်မြေများတွင် တာဝန်ထမ်းဆောင်ပြီး ပြန်လာသော KNLA နှင့် PDF တပ်ဖွဲ့ဝင်များကို ကြိုဆိုဂုဏ်ပြုခြင်းအခမ်းအနားကို ပြုလုပ်ကြောင်း KNU ဗဟိုမှ ၂၀၂၄ခုနှစ် ဇွန်လ (၁၂) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ ညောင်လေးပင်ခရိုင်၌ ၂၀၂၄ ခုနှစ် မေလ (၁၀) ရက်နေ့တွင် ရှေ့တန်းနယ်မြေများ၌ လုံခြုံရေးတာဝန်များကို ထမ်းဆောင်ပြီး နောက်တန်းသို့ ပြန်လာသော ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်မဟာ အမှတ် (၃)မှ ရဲဘော်များနှင့် ၎င်းတို့၏ ကွပ်ကဲမှုအောက်ရှိ PDF တပ်ဖွဲ့ဝင်များအား ခလယ်လွီထူ (ညောင်လေးပင်ခရိုင်) ကရင်အမျိုးသမီးအစည်းအရုံး (K.W.O)မှ ဦးဆောင်ပြီး ကြိုဆိုဂုဏ်ပြုခြင်းအခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
အာဏာသိမ်းပြီးနောက်ပိုင်း ကော်သူးလေအုပ်ချုပ်နယ်မြေ ခလယ်လွီထူ (ညောင်လေးပင်ခရိုင်) အတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်မဟာ အမှတ် (၃)နှင့် ၎င်းတို့ကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ စစ်ကောင်စီတပ်စခန်း (၁၇)ခုအထိ သိမ်းပိုက်ထားကြောင်း သိရသည်။
#TachileikNewsAgency
Photo: KNU