နောင်ချို အမတ ၆၀၆ မှရရှိသည့် လက်နက်ခဲယမ်းများကို မန္တလေး PDF ထုတ်ပြန်ပြီး အင်ကြင်းမြိုင် စခန်းမှရသည့် လေယာဉ်ပစ်များကို လေ့ကျင့်နေပြီဟုဆို

နောင်ချို အမတ ၆၀၆ မှရရှိသည့် လက်နက်ခဲယမ်းများကို မန္တလေး PDF ထုတ်ပြန်ပြီး အင်ကြင်းမြိုင် စခန်းမှရသည့် လေယာဉ်ပစ်များကို လေ့ကျင့်နေပြီဟုဆို
ဇူလိုင် 11, 2024 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်ရှိ အမတ(၆၀၆) တပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)နှင့် TNLA ဦးဆောင်သော ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များက သိမ်းပိုက်ပြီးနောက် သိမ်းဆည်းရရှိသည့် လက်နက်ခဲယမ်းများကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က ထုတ်ပြန်သည်။

လက်ရှိတွင် နောင်ချိုမြို့နယ်တစ်ခုလုံးကို တော်လှန်ရေးတပ်ဖွဲ့များမှ အပြည့်အဝထိန်းချုပ်နိုင်ခဲ့ပြီးဖြစ်ပြီး စစ်ကောင်စီ လုံးဝကင်းစင်သော မြို့နယ်တစ်ခုဖြစ်လာခဲ့ပြီဖြစ်ကာ နောင်ချိုမြို့နယ်ရှိ ခမရ(၁၁၄)၊ ခမရ(၁၁၅)နှင့် အမတ(၆၀၆) တပ်စခန်းများမှ အတွဲလိုက်ပစ်ဒုံးလက်နက်များအပါအဝင် လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရရှိသည်ဟု ထုတ်ပြန်ထားသည်။

ထို့အပြင် သုံ့ပန်းများလည်း ဖမ်းဆီးရမိခဲ့ပြီး စစ်ကောင်စီ၏ လက်ကျန်တပ်စခန်းများကို အမြန်ဆုံး လက်နက်ချအလင်းဝင်ရန် တိုက်တွန်းထားသည့်အပြင် လက်နက်ချအလင်းဝင်သော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကောင်းမွန်စွာ ရှင်သန်နေထိုင်ခွင့်ပြုသွားမည်ကြောင်း ကတိပြုထားသည်။

လက်နက်မချသော တပ်စခန်းများကို ပူးပေါင်းမဟာမိတ်တပ်ဖွဲများမှ ပြင်းပြင်းထန်ထန် ဆက်လက်ထိုးစစ်ဆင်သွားမည်ဖြစ်ပြီး မတ္တရာမြို့နယ် အင်ကြင်းမြိုင်တပ်စခန်းမှရရှိသော လေယာဉ်ပစ်စက်သေနတ်အကြီးမျာနှင့်ပက်သက်၍လည်း လေ့ကျင့်ပြင်ဆင်ပြီးကြောင်း ထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo: ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)