ဖားကန့်ရှိ KIA တပ်စခန်းအနီး စစ်ကောင်စီဗုံးကြဲ

ဖားကန့်ရှိ KIA တပ်စခန်းအနီး စစ်ကောင်စီဗုံးကြဲ

ကချင်ပြည်နယ် ဖားကန့်မြို့ရှိ KIA တပ်စခန်းအနီးကို စစ်ကောင်စီလေတပ်က ၂၀၂၄ ခုနှစ် ဇွန်လ (၉)ရက်နေ့ ညပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ကြောင်း သိရသည်။

"မနေ့ညက လေယာဉ်နှစ်စီးလာတယ်။ ဗုံးကြဲသွားတာ။ ထိခိုက်မှုတော့မရှိဘူး။"ဟု KPDF ရဲဘော်တစ်ဦးက Tachileik News Agency ကိုပြောသည်။

စစ်ကောင်စီသည် KIA သင်တန်းကွင်းဟောင်းနေရာကို လေကြောင်းမှ ဗုံးတစ်လုံးကြဲချသွားခြင်းဖြစ်သည်ဟု ဆိုသည်။

"တိုက်ပွဲဖြစ်တာမရှိဘူး။ တိုက်လေယာဉ်နဲ့ကြဲသွားတာ။ ထိခိုက်မှုမရှိပါဘူး။ ပထမလေယာဉ်တစ်စီးလာတော့ အိမ်ထဲပြေးဝင်ပေါ့။ နောက်တစ်စီးလာတော့ အိမ်နောက်ဖေးကတုတ်ကျင်းထဲ ပြေးရတော့တာပဲ။"ဟု ဒေသခံတစ်ဦးက ပြောသည်။

KIA သည် ၂၀၂၄ခုနှစ် (၅)လတာ ကာလအတွင်း ကချင်ပြည်နယ်ရှိ စစ်ကောင်စီတပ်စခန်း (၁၀၄)ခုကို သိမ်းပိုက်ထားသည်။

#TachileikNewsAgency