၅ လအတွင်း စစ်ကောင်စီတပ်စခန်း ၁၂၀ ဝန်းကျင်ကို တော်လှန်ရေးတပ်များသိမ်းပိုက်

၅ လအတွင်း စစ်ကောင်စီတပ်စခန်း ၁၂၀ ဝန်းကျင်ကို တော်လှန်ရေးတပ်များသိမ်းပိုက်

မြန်မာတစ်နိုင်လုံးအတိုင်းအတာဖြင့် ၂၀၂၄ ခုနှစ်တွင် (၅)လအတွင်း စစ်ကောင်စီတပ်စခန်း (၁၂၀)ဝန်းကျင်ကို တော်လှန်ရေးတပ်များက သိမ်းထားနိုင်သည်ဟု သိရသည်။

ဇန်နဝါရီလမှ မေလအထိ ချင်းပြည်နယ်မှ စစ်ကောင်စီတပ်စခန်း (၈)ခု၊ ပဲခူးတိုင်းမှ တပ်စခန်း(၁)ခု၊ ကချင်ပြည်နယ်မှ တပ်စခန်း (၁၀၃)ခု၊ ရခိုင်ပြည်နယ်မှ တပ်စခန်း(၆၃)ခု၊ ရှမ်းမြောက်တွင် တပ်စခန်း(၉)ခုနှင့် ရှမ်းတောင်တွင် တပ်စခန်း(၁၀)ခုနှင့် ကရင်ပြည်နယ်မှ တပ်စခန်း(၁၂)ခုတို့ကို တော်လှန်ရေးတပ်များက သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။

ထို့အပြင် တနင်္သာရီတိုင်းမှ တပ်စခန်း(၂)ခု၊ ကရင်နီမှ တပ်စခန်း (၁)ခု၊ မွန်ပြည်နယ်မှ တပ်စခန်း(၃)ခု၊ မကွေးတိုင်းမှ တပ်စခန်း (၁)ခု၊ မန္တလေးတိုင်းမှ တပ်စခန်း(၃)ခု၊ စစ်ကိုင်းတိုင်းမှ တပ်စခန်း (၁)ခုတို့ကိုလည်း သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

ယခုဇွန်အတွင်းတွင်လည်း တော်လှန်ရေးတပ်များက စစ်ကောင်စီ တပ်စခန်းများကို ဆက်လက်ထိုးစစ်ဆင်သိမ်းပိုက်နေဆဲဖြစ်သည်။

တိုက်ပွဲများနှင့် တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီ၏ လေကြောင်းပစ်ခတ်မှုအကြိမ်ရေမှာ (၁၉၃၂)ကြိမ်ရှိခဲ့ပြီး စစ်ကောင်စီတပ်များ ရာဇဝတ်မှုချိုးဖောက်မှုအကြိမ်ရေမှာ (၁၁၇၃)ကြိမ်ဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီ၏ လက်နက်ကြီးနှင့်ပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုအပါအဝင် ဖမ်းဆီးသတ်ဖြတ်ခံရခြင်းကြောင့် အရပ်သားအမျိုးသား (၃၅၅)ဦး၊ အမျိုးသမီး (၁၅၁)ဦး၊ ကလေးငယ် (၇၈)ဦးနှင့် အမျိုးသား၊ အမျိုးသမီး မခွဲခြားနိုင်သေးသူ (၅၅၁)ဦးအထိရှိသဖြင့်  (၅)လအတွင်း သတ်ဖြတ်ခံရသူ (၁၁၃၅)ဦးအထိရှိသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် စစ်ရှောင်ဦးရေ (၃,၂၅၃,၉၄၀)ဦးရှိပြီး သောက်သုံးရေ၊ စာနပ်ရိက္ခာ၊ အဝတ်အထည်၊ ဆေးဝါးနှင့် အမျိုးသမီးများအတွင် သန္ဓေတားဆေးနှင့် လစဉ်သုံးပစ္စည်းများ လိုအပ်နေကြောင်း သိရသည်။

ဖော်ပြပါအချက်အလက်များသည် သု​တေသန အရပ်ဖက်အဖွဲ့အစည်းတစ်ခုက Tachileik News Agencyကို ပံ့ပိုးပေးထားခြင်းဖြစ်သည်။

#TachileikNewsAgency