စစ်ကိုင်းမြို့နယ် ကြွယ်ပုံပျူရွာတွင် အခိုင်အမာတပ်စွဲထားသည့် စစ်တပ်နှင့်ပျူစောထီးများအား ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်

စစ်ကိုင်းမြို့နယ် ကြွယ်ပုံပျူရွာတွင် အခိုင်အမာတပ်စွဲထားသည့် စစ်တပ်နှင့်ပျူစောထီးများအား ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် ကြွယ်ပုံပျူရွာတွင် အခိုင်အမာတပ်စွဲထားသည့် စစ်တပ်နှင့် ရွာခံပျူစောထီးများအား ပြည်သူ့ကာကွယ်ရေး

ပူးပေါင်းတပ်ဖွဲ့များမှ ဒရုန်းများဖြင့် ဗုံးသီးများစွာ ကြဲချတိုက်ခိုက်ခဲ့ကြောင်း Phoenix –Sagaing အဖွဲ့မှ ၂၀၂၄ခုနှစ် ဇွန်လ (၇)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ကြွယ်ပုံပျူရွာရှိ စစ်တပ်နှင့် ပျူစောထီးတို့ နေထိုင်သည့်နေရာများအား ဇွန်လ (၄)ရက်နှင့် (၅)ရက်တို့တွင် ဒရုန်းများဖြင့် ဗုံးသီးများစွာ ကြဲချခဲ့ရာ အဆောက်အဦးများ ပွင့်ထွက်ပျက်စီးခဲ့ပြီး ထိခိုက်သေဆုံးမှုများကို စုံစမ်းလျှက်ရှိကြောင်း Phoenix –Sagaing အဖွဲ့မှ သတင်းထုတ်ပြန်သည်။

တိုက်ခိုက်မှုဆောင်ရွက်နေစဉ်အတွင်း Phoenix –Sagaing အဖွဲ့မှ Fixed Wing Drone (၁)စီး ပျက်စီးဆုံးရှုံးခဲ့ပြီး စစ်တပ်နှင့် ပျူစောထီးများမှ လက်နက်ငယ်များ ၊ ၆၀ မမ ကွန်မန်ဒိုစိန်ပြောင်းဖြင့် ပြန်လည်ပစ်ခတ်မှု ရှိခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များဘက်မှ အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို Phoenix–Sagaing၊ Royal Falcon Guerrilla Force၊ Unicorn Guerrilla Force ၊ ကြောင်လက်သည်း(ဝက်လက်)၊ GZP(MDY)၊ စစ်ကိုင်းမြို့နယ် (ပကဖ)၊ စစ်ကိုင်းခရိုင် အမှတ်(၇)တပ်ရင်း ၊ အမှတ်(၂)တပ်ရင်း ၊ အမှတ်(၃)တပ်ရင်းနှင့် နယ်မြေခံ(ပကဖ)များ ဒေသတွင်း တော်လှန်ရေးအဖွဲ့များ စုပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

#TachileikNewsAgency