စစ်သားနှင့်ရဲ CDM များဖြင့် ဖွဲ့စည်းထားသည့် လှုပ်ရှားတပ်ဖွဲ့ ယာယီအထိုင်ချသည့်နေရာအား စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စောင့်ကြိုတိုက်ခိုက်ခံရ

စစ်သားနှင့်ရဲ CDM များဖြင့် ဖွဲ့စည်းထားသည့် လှုပ်ရှားတပ်ဖွဲ့ ယာယီအထိုင်ချသည့်နေရာအား စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စောင့်ကြိုတိုက်ခိုက်ခံရ

မန္တလေးတိုင်း မတ္တရာမြို့နယ်အတွင်း စစ်သားနှင့် ရဲ CDM တပ်ဖွဲ့ဝင်များဖြင့် ဖွဲ့စည်းထားသည့် လှုပ်ရှားတပ်ဖွဲ့ ယာယီအထိုင်ချသည့်နေရာအား စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း SSTF – People’s Police အဖွဲ့မှ သတင်းထုတ်ပြန်သည်။

မတ္တရာမြို့နယ်အတွင်း လှုပ်ရှားတပ်ဖွဲ့ ယာယီအထိုင်ချသည့်နေရာအား ၂၀၂၄ခုနှစ် ဇွန်လ (၂) ရက်နေ့ နံနက် (၆)နာရီခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား (၇၀)ခန့် စစ်ကြောင်းထိုး ဝင်ရောက်လာသည့်အတွက် SSTF – People’s Police အဖွဲ့မှ စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်းသိရသည်။

မနက် (၆) နာရီခွဲမှ စတင်ပြီး အပြန်အလှန်ပစ်ခတ်ခဲ့ကြကာ တိုက်ပွဲကြာမြင့်ချိန် (၅) နာရီခန့်ရှိခဲ့ပြီး စစ်ကောင်စီဘက်မှ တပ်ဖွဲ့ဝင် (၃)ဦး ဒဏ်ရာပြင်းထန်စွာ ရရှိသွားပြီးနောက် နေ့လယ် (၂) နာရီခွဲခန့်တွင် စစ်ကောင်စီစစ်ကြောင်းက ပြန်လည်ဆုတ်ခွာသွားကြောင်း SSTF – People’s Police အဖွဲ့မှ ဆိုသည်။

အဆိုပါတိုက်ပွဲအတွင်း မိတ်ဖက်အဖွဲ့များဖြစ်သည့် မတ္တရာမြို့နယ် ပကဖ မှ စစ်ကောင်စီ အထိုင်ဂိတ်စခန်း(တံငါဂိတ်)အား Drone ဗုံးသီးဖြင့် (၃)ကြိမ် ကြဲချတိုက်ခိုက်ခြင်း၊ တိုက်နယ်(၃) ပကဖ မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပြန်လည်ဆုတ်ခွာသည့် ယာဉ်တန်းအား မိုင်းဆွဲတိုက်ခိုက်ခြင်းတို့ကို ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

SSTF–People’s Police အကြမ်းဖက်နှိမ်နှင်းရေးအထူးတပ်ဖွဲ့သည် အမျိုးသားညီညွတ်ရေးအစိုးရ၏ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်မှ အဖွဲ့တစ်ခုဖြစ်ပြီး ၊ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် CDM တပ်ဖွဲ့ဝင်များနှင့် ဖွဲ့စည်းထားသည့် အဖွဲ့တစ်ခုသည်။

#TachileikNewsAgency