တော်လှန်ရေးရဲဘော်တစ်ဦးကို ရိုက်နှက်သတ်ဖြတ်ခဲ့သည့် ငွေတောင်ဆိုင်ရှေ့ဗုံးကွဲ

တော်လှန်ရေးရဲဘော်တစ်ဦးကို ရိုက်နှက်သတ်ဖြတ်ခဲ့သည့် ငွေတောင်ဆိုင်ရှေ့ဗုံးကွဲ

တော်လှန်ရေးရဲဘော်တစ်ဦးကို ရိုက်နှက်သတ်ဖြတ်ခဲ့သည့် ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်မှ ငွေတောင်စားသောက်ဆိုင်ရှေ့တွင် ၂၀၂၄ ခုနှစ် မေလ (၂၉)ရက်နေ့ ညပိုင်းက ဗုံးပေါက်ကွဲကြောင်း သိရသည်။

"လူတော့ မထိသွားဘူး။ ဗုံးပေါက်ပြီးတော့ စစ်ကောင်စီတပ်တွေ လမ်းပိတ်လိုက်တယ်။ ဆိုင်လည်းပိတ်သွားတယ်။"ဟု ရပ်ကွက်နေ ပြည်သူတစ်ဦးက Tachileik News Agency ကိုပြောသည်။

အဆိုပါ ငွေတောင်စားသောက်ဆိုင်မှ ဝန်ထမ်းများသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၂၁)ရက်နေ့က တောင်ဥက္ကလာပမြို့နယ်၊ (၁၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံးဖြင့်တိုက်ခိုက်စဉ် တော်လှန်ရေးရဲဘော်(၂)ဦးအာ ရိုက်နှက်ဖမ်းဆီးခဲ့ကြသည်။

၎င်းတို့၏ ရိုက်နှက်မှုကြောင့် Freelance Attack Force(FLA) အဖွဲ့၀င် ရဲဘော်ချောကလက်(သာဒင်)ကျဆုံးခဲ့ရပြီး ပြည်သူများ၏ ဝေဖန်ခြင်းကြောင့် ခေတ္တဆိုင်ပိတ်ခဲ့ရာက ဆိုင်ပြန်ဖွင့်နေခြင်းဖြစ်သည်။

ယခုဗုံးပေါက်ကွဲမှုကို မည်သည့်အဖွဲ့က လုပ်ဆောင်ကြောင်း ထုတ်ပြန်ထားခြင်းမရှိသေးပေ။

#TachileikNewsAgency