ဆားလင်းကြီးမြို့မရဲစခန်းမှ ရဲတပ်သားတစ်ဦး လက်နက်အပြည့်အစုံနှင့် အလင်းဝင်

ဆားလင်းကြီးမြို့မရဲစခန်းမှ ရဲတပ်သားတစ်ဦး လက်နက်အပြည့်အစုံနှင့် အလင်းဝင်

ဆားလင်းကြီးမြို့မရဲစခန်းမှ ရဲတပ်သားတစ်ဦး လက်နက်အပြည့်အစုံနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ အလင်းဝင်ကြောင်း ယင်းမာပင်ခရိုင် တပ်ရင်း (၁၆) တပ်ခွဲ(၄) Salingyi Revolution Eagles အဖွဲ့မှ ယနေ့ ၂၀၂၄ခုနှစ် မေလ (၂၉) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

အဆိုပါ ရဲတပ်သားသည် မေလ (၂၆) ရက်နေ့ ည (၂) နာရီခွဲတွင် G3 တစ်လက်၊ 7.62ကျည် (၁၅)တောင့်၊ ကျည်ဘောက် တစ်ဘောက်၊ဓားတစ်ချောင်းနှင့်အတူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ အလင်းဝင်ရောက်ခဲ့ပြီး ၎င်းကို ဆုငွေချီးမြင့်ရန် စီစဉ်နေကြောင်း Salingyi Revolution Eagles အဖွဲ့မှ ဆိုသည်။

“ယခင်အလင်းဝင်လာသူများကို သိန်း၁၀၀ ချီးမြှင့်ခဲ့ပါတယ်၊ ယခု အလင်းဝင်လာသူ ရဲတပ်သားကိုလဲ ချီးမြှင့်ဖို့ NUGထံ စာတင်ထားပါတယ် NUGဘက်ကနေ CDM code ချပေးမှာပါ၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ တပ်ရင်းဘက်ကလဲ ချီးမြှင့်ဖို့ရှိပါတယ်” ဟု Salingyi Revolution Eagles မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကို ပြောသည်။

အဆိုပါ ရဲတပ်သားသည် ယခင်ကလည်း Salingyi Revolution Eagles ထံ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလိုင်းအခက်အခဲကြောင့် အဆက်အသွယ် ပြတ်တောက်ခဲ့ပြီးနောက် ယခု ပြန်လည်ဆက်သွယ်ပြီး ၂ ရက်အကြာတွင် မြို့ထဲအထိ သွားရောက်ခေါ်ဆောင်ပေးခဲ့ကြောင်း Salingyi Revolution Eagles အဖွဲ့မှ ဆိုသည်။

ယင်းမာပင်ခရိုင်တပ်ရင်း (၁၆) ထံသို့ တော်လှန်ရေးကာလအတွင်း လက်နက်နှင့်အတူ အလင်းဝင်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၄)ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: Salingyi Revolution Eagles