ထားဝယ်ခရိုင်အတွင်း စစ်ကောင်စီနှင့် ပျူစောထီးတို့ပူးပေါင်း၍ ငွေကြေးကောက်ခံနေသည့် ပန်းတောဂိတ်စခန်းအား ပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက်

ထားဝယ်ခရိုင်အတွင်း စစ်ကောင်စီနှင့် ပျူစောထီးတို့ပူးပေါင်း၍ ငွေကြေးကောက်ခံနေသည့် ပန်းတောဂိတ်စခန်းအား ပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက်

တနင်္သာရီတိုင်း ထားဝယ်ခရိုင်အတွင်း စစ်ကောင်စီနှင့် ပျူစောထီးတို့ပူးပေါင်း၍ ငွေကြေးကောက်ခံနေသည့် ပန်းတောဂိတ်စခန်းအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်ကြောင်း သိရသည်။

ထားဝယ်ခရိုင် သရက်ချောင်းမြို့ ပန်းတောရပ်ကွက် သံတံတားထိပ်ရှိ စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်းထိုင်သည့် ပန်းတောဂိတ်စခန်းအား မေလ (၂၅)ရက်နေ့ နံနက်အစောပိုင်းတွင် နာရီဝက်ခန့်ကြာ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေါင်းညီနောင်စစ်ကြောင်းမှ ဆိုသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိနိုင်ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဘက်မှ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ပန်းတောဂိတ်စခန်းကို တိုက်ခိုက်မှုကို တပ်မဟာ ၆ (တပ်ရင်း ၂၇)၊ ကော်သူးလေအာမီ (KTLA)နှင့် ဒေါင်းညီနောင်စစ်ကြောင်းတို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

ပြီးခဲ့သည့် မေလ (၉) ရက်နေ့ကလည်း ဒေါင်းညီနောင်စစ်ကြောင်းနှင့် ပူးပေါင်းတပ်ဖွဲ့များမှ  လောင်းလုံမြို့အတွင်း အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် ရဲစခန်းတို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိခဲ့သည်။

#TachileikNewsAgency