ချင်းမိုင် နှင့် ချင်းရိုင်းတို့တွင် ကျောင်းတက်နေသူများနှင့် အလုပ် လုပ်နေကြသည့် မြန်မာနိုင်ငံသားများအတွက် ဘန်ကောက် သံရုံးက အသိပေးကြေညာ 

ချင်းမိုင် နှင့် ချင်းရိုင်းတို့တွင် ကျောင်းတက်နေသူများနှင့် အလုပ် လုပ်နေကြသည့် မြန်မာနိုင်ငံသားများအတွက် ဘန်ကောက် သံရုံးက အသိပေးကြေညာ 

 ထိုင်းနိုင်ငံမြောက်ပိုင်းဒေသအတွင်း ချင်းမိုင် နှင့် ချင်းရိုင်းရှိ တက္ကသိုလ်များတွင် တက်ရောက်ပညာသင်ကြားနေသည့် မြန်မာ ကျောင်းသား ကျောင်းသူများ နှင့် အလုပ် လုပ်ကိုင်နေသူများ၏ နိုင်ငံကူးလက်မှတ်ဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်ပြီး ဘန်ကောက်မြို့ရှိ မြန်မာသံရုံးတွင်  ဆောင်ရွက်ပေးတော့မည် မဟုတ်ကြောင်း ဘန်ကောက် မြန်မာသံရုံးက ၂၀၂၄ခုနှစ် မေလ(၂၄)ရက်နေ့တွင် အသိပေးကြေညာထားသည်။

အဆိုပါ ကိစ္စရပ်များနှင့် ပတ်သက်ပြီး ဘန်ကောက်မြို့ရှိ မြန်မာသံရုံးတွင်  မေလ(၂၇)ရက်နေ့ကစပြီး ပြုလုပ်ပေးတော့မည်မဟုတ်ဘဲ ချင်းမိုင်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၌သာ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အသိပေး ကြေညာထားရှိသည်။

ယခုလို ပြောင်းလဲလုပ်ဆောင်မှုနှင့် ပတ်သက်ပြီး ဘန်ကောက် မြန်မာသံရုံးက အကြောင်းပြချက် ရှင်းပြထားခြင်းမရှိသော်လည်း ချင်းမိုင်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးက နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်းနှင့် အခြားသော ကောင်စစ်ဆိုင်ရာ ဝန်ဆောင်မှု များကို ၂၀၂၄ခုနှစ် မေလ(၂၇)ရက်နေ့ နံနက်(၉)နာရီက စပြီး ဆက်လက်လုပ်ဆောင်ပေးသွားမည်ဟုလည်း အသိပေးကြေညာထားသည်ကို တွေ့ရသည်။