အလုပ်သမားများအပေါ် ဖိနှိပ်နေသည့် စစ်ကောင်စီကို အရေးယူပေးရန် တောင်းဆို

အလုပ်သမားများအပေါ် ဖိနှိပ်နေသည့် စစ်ကောင်စီကို အရေးယူပေးရန် တောင်းဆို

အလုပ်သမားထုအပေါ် စစ်ကောင်စီ၏ ဖိနှိပ်နေမှုများအား ILO ညီလာခံတွင် အရေးယူပေးရန် တောင်းဆိုသည့် လှုပ်ရှားမှုအား ရန်ကုန်မြို့တွင် ယနေ့ ၂၀၂၅ခုနှစ် မတ်လ (၁၀)ရက်နေ့က မြေပြင်သပိတ်အင်အားစုများမှ ပြုလုပ်သည်ဟု သိရသည်။

မြေပြင်သပိတ်အင်အားစုများမှ "ILO A 33 MYANMAR 2025" စာသားပါ အင်္ကျီများဝတ်ဆင်၍ တောင်းဆိုကြခြင်းဖြစ်ပြီး အာဏာသိမ်းမှုကာလအတွင်း စစ်ကောင်စီသည် အလုပ်သမားများအပေါ် အတင်းအဓမ္မ လုပ်အားခိုင်းစေခြင်း၊ လွပ်လပ်စွာ အသင်းအဖွဲ့ ဖွဲ့စည်းခြင်းနှင့် စည်းရုံးခွင့်များအား ပိတ်ပင်ခြင်းများပြုလုပ်နေသည်ဟုလည်း ဆိုသည်။

စစ်ကောင်စီသည် အလုပ်သမားများ၏ အခြေခံအခွင့်အရေးများအား အကာအကွယ်ပေးနေသည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့(ILO)၏ စံနှုန်းများအပေါ် လိုက်နာမှုမရှိသည့်အတွက် "ပုဒ်မ ၃၃"ဖြင့် အရေးယူပေးရန် တောင်းဆိုထားခြင်းဖြစ်သည်။

#TachileikNewsAgency

Photo:Yangon 4 Brothers-ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့