မွန်ပြည်နယ် ဘီးလင်းမြို့နယ်အတွင်း ရန်ကုန်-မော်လမြိုင် လမ်းပိုင်း တောင်ကလေးရွာအနီးရှိ မစောတံတား ၂၀၂၄ ခုနှစ် မေလ (၂၃)ရက်နေ့ နံနက်အစောပိုင်းက မိုင်းခွဲခံရသည်။
အဆိုတံတား ကျိုးကျစဉ် ဆိုင်ကယ် (၃)စီးနှင့် လူ (၄)ဦးကျသွားသည့်အနက် (၁)ဦးသေဆုံးသွားကြောင်း သိရသည်။
တံတားမှာ မည်သည့်ယာဉ်မှ ဖြတ်သန်းမရသဖြင့် ရန်ကုန်-မော်လမြိုင်လမ်းသစ်မှ မော်တော်ယာဉ်များကို ဘီးလင်းတိုးဂိတ်အဟောင်းမှ ယာယီလမ်းပိတ်ထားကြောင်း ဒေသခံများထံမှ သိရသည်။
#TachileikNewsAgency
Photo: CJ