ရန်ကုန်တွင် စစ်ကောင်စီကို ဆန္ဒပြ

ရန်ကုန်တွင် စစ်ကောင်စီကို ဆန္ဒပြ

စစ်ကောင်စီမှ အမျိုးမျိုး ဖိနှိပ်တင်းကြပ်နေသော ရန်ကုန်မြို့တွင် သပိတ်အင်အားစုများစုပေါင်း၍ ယနေ့ ၂၀၂၄ ခုနှစ် မေလ (၂၂)ရက်နေ့ ကဆုန်လပြည့်နေ့တွင် လူထုသပိတ်လှုပ်ရှားမှုပြုလုပ်ကြောင်း သိရသည်။

နေ့စဥ်နှင့်အမျှ မခံမရပ်နိုင်အောင် ကြပ်တည်းလာနေသည့် လူထု၏ အထွေထွေကြပ်တည်းမှုများနှင့် မတရားဖိနှိပ်ခံနေရမှုများကို ဆန့်ကျင့်သည့်အနေဖြင့် လှုပ်ရှားဖော်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

လျှပ်စစ်မီးများ ဆိုးရွားစွာ ပြတ်တောက်နေသည့်အခြေအနေများ၊ စစ်ကောင်စီ၏ မတရားစစ်မှုထမ်းဥပဒေကို ကန့်ကွက်ရှုံ့ချဆန့်ကျင်ကြောင်းနှင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဆန့်ကျင်ကြောင်း စသည်တို့ကို ကြွေးကြော်ခဲ့ကြသည်ဟု သိရသည်။

အဆိုပါ လူထုလှုပ်ရှားမှုကို ရွှေပြည်သာသပိတ်ကော်မတီ၊ စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစု( AJAY ) တို့နှင့်အတူ  ရန်ကုန်မြို့နေ တော်လှန်လူငယ်များမှ ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo: စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစု Anti-Junta Alliance Yangon - AJAY