စစ်ကောင်စီတပ်များသည် လက်နက်ကြီးနှင့်ပစ်ခတ်ခြင်း၊ မူဆလင် လူငယ်၊ လူရွယ်များအား ဖမ်းဆီး၍ စစ်တပ်သို့ သွင်းခြင်းကို ကမ္ဘာက မြင်စေလိုကြောင်း ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့တွင် အာရက္ခတပ်တော်(AA)က ကယ်ဆယ်ထားသည့် တပ်မင်းချောင်းရွာမှ မူဆလင်အမျိုးသမီးက ပြောသည်။
စစ်ကောင်စီထံမှ ထွက်ပြေးလာကြပြီး စစ်ဘေးရှောင်လာကြသော တပ်မင်းချောင်းကျေးရွာ၊ ရွာသူ၊ ရွာသားများထဲမှ မူဆလင်အမျိုး သမီးတစ်ဦးမှ ဘူးသီးတောင်မြို့ပတ်ဝန်းကျင် မြေပြင်အခြေအနေအား ပြောကြားခြင်းဖြစ်သည်။
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ရှိ စစ်ကောင်စီတပ်၏ ဘူးသီးတောင် ဗျူဟာဌာနချုပ်အပါအဝင် ဘူးသီးတောင်ရှိ တပ်ရင်းများအားလုံးကို အာရက္ခတပ်တော်မှ တစ်ခုမကျန် သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် တပ်မင်းချောင်းရွာအတွင်းသို့ စုပြုံရောက်ရှိသွားခဲ့ကြပြီး အဆိုပါရွာသူ၊ ရွာသားများအား လူသားဒိုင်းကာသဖွယ်အသုံးပြုခဲ့သည်။
ထို့ကြောင့် အဆိုပါ ရွာသူ၊ ရွာသားများမှာ စစ်ကောင်စီ၏ရန်ကို ကြောက်လန့်၍ ထွက်ပြေးလာခဲ့သောကြောင့် အာရက္ခတပ်တော်မှ ၂၀၂၄ ခုနှစ်၊ မေလ (၁၉) ရက်နေ့တွင် ကူညီကယ်ဆယ်ခဲ့ကြောင်း သိရသည်။
#TachileikNewsAgency
Video : AA Info Desk