မင်းလှမြို့နယ် မြို့မရဲစခန်းနှင့် ထွေအုပ်ရုံးအား ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်

မင်းလှမြို့နယ် မြို့မရဲစခန်းနှင့် ထွေအုပ်ရုံးအား ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်

ပဲခူးတိုင်း သာယာဝတီခရိုင် မင်းလှမြို့နယ် မြို့မရဲစခန်းနှင့် ထွေအုပ်ရုံးတို့အား ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း Yoma Phoenix Drone Force က သတင်းထုတ်ပြန်သည်။

မင်းလှမြို့နယ် မြို့မရဲစခန်းအား မေလ (၁၈) ရက်နေ့ မနက် (၁၂) နာရီ (၂၅) မိနစ်တွင် ဗုံးသီး (၁)လုံး၊ ထွေအုပ်ရုံးအား မနက် (၂) နာရီ (၂၀) မိနစ်တွင် ဗုံးသီး (၁)လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း Yoma Phoenix Drone Forceမှ သတင်းထုတ်ပြန်သည်။

ဗုံးကြဲတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုနှင့် ပျက်စီးမှုများအား စုံစမ်းနေပြီး၊ တော်လှန်ရေးအဖွဲ့မှ ကင်းထောက်ဒရုန်း (၁) စီး စက်ချို့ယွင်း၍ ပျက်စီးခဲ့ကြောင်း သိရသည်။

Yoma Phoenix Drone Force ဒရုန်းတပ်ဖွဲ့သည့် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၉)ရက်နေ့တွင် မင်းလှမြို့နယ်ရှိ စစ်တပ်လုံခြုံရေးဂိတ်များကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။

Yoma Phoenix Drone Force အနေဖြင့် ဆက်လက်ပြီး စစ်ကောင်စီစခန်းများနှင့် အခြားစစ်ရေးပစ်မှတ်နေရာများအား တိုက်ခိုက်သွားမည်ဖြစ်သဖြင့် အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အခြေချနေထိုင်သည့် နေရာများအား သွားလာနေထိုင်ခြင်းမပြုလုပ်ရန် သတိပေးထားသည်။

#TachileikNewsAgency

Photo : သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့