သံတွဲမြို့ နတ်တောင်မော်ရွာကို စစ်ကောင်စီလေကြောင်းမှ ဗုံးကြဲရာ ဒေသခံ ၇ ဦးသေဆုံး

သံတွဲမြို့ နတ်တောင်မော်ရွာကို စစ်ကောင်စီလေကြောင်းမှ ဗုံးကြဲရာ ဒေသခံ ၇ ဦးသေဆုံး

ရခိုင်ပြည်နယ် သံတွဲမြို့အနီးတွင် တိုက်ပွဲပြင်းထန်နေပြီး ယနေ့ ၂၀၂၄ ခုနှစ် မေလ (၁၈)ရက်နေ့ ‌ည‌နေပိုင်းတွင် စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် နတ်တောင်မော်ကျေးရွာမှ ဒေသခံ(၇)ဦးသေဆုံးကြာင်း သိရသည်။

သဲတွဲမြို့နယ်တွင် အာရက္ခတပ်တော်(AA) နှင့် စစ်ကောင်စီတပ်တို့အကြား ယမန်နေ့ ညပိုင်းကစတင်ကာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြာင်း၊ ရေကြောင်းမှ  လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည်ဟု သိရသည်။

"တိုက်လေယာဉ်နဲ့ ဗုံးကြဲတယ်။ ထောက်ပို့လေယာဉ် (၄)ကြိမ်‌လောက်ဝဲပြီး ပစ္စည်းတွေကို လေယာဉ်ပါ်ကနေချပြီး ဗုံးကြဲသွားတယ်။ ညနေပိုင်း တိုက်ပွဲတော်တော်ပြင်းထန်နေတာ။ လေယာဉ်နဲ့ ဗုံးကြဲတာ နတ်တောင်မော်ရွာသား(၇)‌ဦးသေတယ်။ (၄)ဦးက ပွဲချင်းပြီးသေတယ်။ (၃)ဦး ဒဏ်ရာရလို့ သွားခေါ်တာ လမ်းမှာသေသွားတယ်။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကို ပြောသည်။

နတ်တောင်မော်ရွာသည် သံတွဲမြို့နှင့် (၈)မိုင်ဝန်းကျင်သာဝေးပြီး သေဆုံးသူများ၏ အမည်နှင့် အသက်အရွယ်ကိုမူ Tachileik News Agency က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

တိုက်ပွဲအတွင်းတွင် စစ်ကောင်စီတပ်မှ ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်ကာ နတ်တောင်မော်နှင့် ကွေ့ချောင်းကြားရှိ လျှပ်စစ်မီးတိုင်များ ကျိုးကျသွားခြင်းကြောင့် သံတွဲမြို့တွင် လျှပ်စစ်မီး ပြတ်တောက်နေသည်။ 

ပြီးခဲ့သည့် မေလ(၁၄)ရက်နေ့ကလည်း သံတွဲမြို့ ဘားတောင်ရှိ စစ်ကောင်စီတပ်၏ လက်နက်ကြီး အထိုင်စခန်းမှ လက်နက်ကြီး (၁၂)လုံး ပစ်ခတ်ရာ ‌လင်းသီရွာအတွင်း ကျရောက်ပြီး ဒေသခံ(၁၀)ဦး သေဆုံးခဲ့ရသည်။

#TachileikNewsAgency