မဲစာရင်းတွင် မိမိအမည်ပါမှ မဲပေးနိုင်မည်ဖြစ်၍ ဇူလိုင်လ(၂၅)ရက်နေ့က စ၍ (၁၄)ရက်အတွင်း မိမိအမည် ပါ မပါ သက်ဆိုင်ရာ ရပ်ကွက်ရုံးများတွင် သွားကြည့်ရန်လို

မဲစာရင်းတွင် မိမိအမည်ပါမှ မဲပေးနိုင်မည်ဖြစ်၍ ဇူလိုင်လ(၂၅)ရက်နေ့က စ၍ (၁၄)ရက်အတွင်း မိမိအမည် ပါ မပါ သက်ဆိုင်ရာ ရပ်ကွက်ရုံးများတွင် သွားကြည့်ရန်လို
ဇူလိုင် 25, 2020
By Tachileik News Agency

မဲစာရင်းတွင် မိမိအမည်ပါမှ မဲပေးနိုင်မည်ဖြစ်၍ ဇူလိုင်လ(၂၅)ရက်နေ့က စ၍ (၁၄)ရက်အတွင်း မိမိအမည် ပါ မပါ သက်ဆိုင်ရာ ရပ်ကွက်ရုံးများတွင် သွားကြည့်ရန်လို

၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများကို ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများ ဖွင့်လှစ်ထားသည့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများတွင် ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ  (၂၅)ရက်နေ့မှစ၍ (၁၄)ရက်ကြာ ကပ်ပေးထားမည်ဖြစ်သည်။

မဲစာရင်းတွင် မိမိအမည်ပါဝင်မှ မဲပေးခွင့်ရမည်ဖြစ်ရာ မဲစာရင်းတွင် မိမိအမည်နှင့် အချက်အလက်များ မှန်ကန်မှုရှိ၊ မရှိ စစ်ဆေးပြီး အမည်စာရင်းမပါခြင်း၊ အချက်အလက်မှားယွင်းနေခြင်းများရှိပါက အဆိုပါရပ်ကွက်ရုံးတွင် တောင်းဆိုလွှာ၊ ပြင်ဆင်လွှာများ ဖြည့်စွက်၍ ပြင်ဆင်နိုင်မည်ဖြစ်သည်။

ယင်းအပြင် မဲစာရင်းတွင် ပါနေသူတစ်ဦးဦးကို ကန့်ကွက်လိုပါက ကန့်ကွက်လွှာဖြည့်စွက်၍ ကန့်ကွက်နိုင်မည်ဖြစ်သည်။

နိုင်ငံသားတစ်ဦး၏အခွင့်အရေးအဖြစ် အသက် (၁၈)နှစ်ပြည့်ပြီးသည့် နိုင်ငံသားတိုင်း မဲပေးခွင့်ရခြင်းဖြစ်ရာ မိမိတို့၏ နိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေရေးအတွက် မဲစာရင်းတွင် မိမိအမည်ပါဝင်ခြင်း ရှိ၊မရှိ စစ်ဆေးနိုင်ကြမည်ဖြစ်သည်။

ယင်းအပြင် ပြည်ပရောက်နေသည့် မြန်မာနိုင်ငံသားများအနေဖြင့်လည်း အွန်လိုင်းမှနေ၍ မဲစာရင်းတွင် မိမိအမည် ပါဝင်ခြင်း ရှိ၊မရှိ စစ်ဆေးနိုင်မည်ဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~