စစ်ကောင်စီတပ်၏ ဘူးသီးတောင်အခြေစိုက် ခမရ (၃၅၃) တပ်ရင်းတွင် ဖမ်းဆီးခံထားရသူ (၃၅)ဦးကို ကယ်ထုတ်သည့် ရုပ်သံမှတ်တမ်းကို အာရက္ခတပ်တော် (AA)က ၂၀၂၄ ခုနှစ် မေလ (၁၈)ရက်နေ့တွင် ထုတ်ပြန်ထားသည်။
အာရက္ခတပ်တော် (AA)က အဆိုပါ စစ်ကောင်စီတပ် အခြေစိုက်စခန်းအား မေလ (၁၄)ရက်နေ့က သိမ်းပိုက်ရှင်းလင်းစဉ် စခန်းအတွင်း ဖမ်းဆီးပိတ်လှောင်ခံထားရသည့် ကလေးအပါအဝင် အမျိုးသား၊ အမျိုးသမီး စုစုပေါင်း (၃၅)ဦးကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးခံထားရသူများမှာ ခရုချောင်း မူဆလင်ကျေးရွာမှ ဖြစ်ကြပြီး စစ်ကောင်စီတပ်က (၃)ရက်ကြာ အစာရေစာမကျွေးဘဲ ပိတ်လှောင်ထားခဲ့ခြင်းဖြစ်သည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြသည်။
#TachileikNewsAgency
Video: AA Info Desk