ရန်ကုန်မြို့ရှိ ထိုင်းသံရုံးက ဝန်ဆောင်မှုများကို ထိရောက်စွာ ဆောင်ရွက်ပေးနိုင်ရန်အတွက် လုပ်ငန်း သတ်မှတ်ချက်များအလိုက် ပြောင်းလဲသတ်မှတ်ထားသည့် ဆက်သွယ်ရန် အီးမေလ်း(Email) နှစ်ခုကို ၂၀၂၄ခုနှစ် မေလ(၁၆)ရက်နေ့က ကြေညာထားသည်။
အစိုးရပိုင်းဆိုင်ရာ နှင့် သံတမန်ရေးရာ၊ ကုလသမဂ္ဂအဖွဲ့အစည်းဆိုင်ရာကိစ္စရပ်များ အပါအဝင် ထိုင်းအစိုးရမှ ပေးအပ်သည့် ပညာသင်ဆုများ၊ ကောင်စစ်ဝန်ကိစ္စရပ်များနှင့် မသက်ဆိုင်သော အခြားရုံးပိုင်းဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်လျှင် [email protected] သို့ ဆက်သွယ်နိုင်မည်ဖြစ်ကြောင်း အသိပေးထားသည်။
ကောင်စစ်ရေးရာ ကိစ္စရပ်များနှင့်သက်ဆိုင်သော ဗီဇာဝန်ဆောင်မှုနှင့်အတူစာရွက်စာတမ်းဆိုင်ရာ တရားဝင်ထောက်ခံပေးခြင်း (legalization services) ပြုလုပ်ခြင်း ၊ ကောင်စစ်ရေးရာအကြံပြုမှုများနှင့် ကောင်စစ် ရေးရာနှင့်ကိစ္စရပ်များကို ပြုလုပ်ပေးနိုင်ရန်အတွက် [email protected] သို့ ဆက်သွယ်ရမည်ဖြစ်ကြောင်း အသိပေးထားရှိသည်။
◆ အွန်လိုင်းမှတဆင့် ထိုင်းဗီဇာ ရက်ချိန်းယူရမည့် ဝက်ဆိုက်
◆ https://thaiconsularyangon.com/visa/
◆ ထိုင်းသံရုံး၊ ရန်ကုန် တရားဝင်ကြောင်းထောက်ခံစာ (Legalization Service) အတွက် အွန်လိုင်းရက်ချိန်းယူခြင်း
◆ https://thaiconsularyangon.com/legal/
◆ တရားဝင်ကြောင်းထောက်ခံစာ (Legalization Service)အတွက် လိုအပ်သော စာရွက်စာတမ်းများနှင့် ဝန်ဆောင်ခ
◆ https://yangon.thaiembassy.org/en/page/legalization?menu=662629b4e5bd7c120971cc0c