စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ရှိ မကျည်းအုပ်ရွာ စာသင်ကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သဖြင့် ဒေသခံ (၆)ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရသွားကြကြောင်း သိရသည်။
ဒီပဲယင်းမြို့နယ် အနောက်တောင်ဘက်ခြမ်းရှိ မကျည်းအုပ်ကျေးရွာ စာသင်ကျောင်းကို စစ်ကောင်စီတပ်က ၂၀၂၄ ခုနှစ် မေလ (၁၁)ရက်နေ့ နေ့လယ်ပိုင်းတွင် ပေါင်(၅၀၀)ဗုံး (၃)လုံးကြဲချပြီး စက်လက်နက်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အရပ်သား(၂)ဦးနှင့် တော်လှန်ရေးရဲဘော်(၄)ဦး သေဆုံးကာ ဒဏ်ရာရရှိသူ (၂၃)ဦးဝန်းကျင်ရှိသည်ဟု သိရသည်။
ဒဏ်ရာရရှိခဲ့သူများထဲမှ (၇)ဦးမှာ အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေဖြစ်ကာ ခြေထောက်ပြတ်ခဲ့ရသူ (၂)ဦးနှင့် လက်ပြတ်ခဲ့ရသူ (၃)ဦးရှိကြောင်း သိရသည်။
#TachileikNewsAgency
Photo: S&C မီးဘေးစစ်ဘေးပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့